လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

စင်ကာပူက ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံဖြစ်လာ


ဖို့ဘ်မဂ္ဂဇင်းက ပြုစုခဲ့သည့် စစ်တမ်းတွင် စင်ကာပူသည် ကာတာနှင့် လူဇင်ဘတ်တို့ပြီးလျင် ကမ္ဘာ့တတိယ အချမ်းသာဆုံးနိုင်ငံအဖြစ် ရပ်တည်ခဲ့သည်။
အပြည်ပြည်ဆိုင်ရာငွေကြေး ရန်ပုံငွေအဖွဲ့က ပြုစုခဲ့သည့် အချက် အလက်များကို အသုံးပြုပြီး လေ့လာခဲ့ရာ စင်ကာပူသည် တစ်ဦးချင်းနှစ် စဉ်ဝင်ငွေတွင် ဒေါ်လာ ၅၆၇၀၀ ရှိခဲ့ပြီး တတိယအချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ ရေနံကြွယ်ဝသည် ပင်လယ်ကွေ့စော်ဘွားနိုင်ငံ ကာတာက တစ်ဦးချင်းနှစ်စဉ်ဝင်ငွေ ၈၈၀၀၀ ဖြင့် ကမ္ဘာ့အချမ်းသာဆုံး နိုင်ငံဖြစ်ခဲ့သည်။ လူဦးရေ ၁ ဒသမ ၇ သန်းရှိသော ကာတာနိုင်ငံသည် ကမ္ဘာ့တတိယသဘာဝဓာတ်ငွေ့ အကြွယ်ဝဆုံး နိုင်ငံဖြစ်သည်။  ကမ္ဘာ့ဒုတိယ အချမ်းသာဆုံးနိုင်ငံမှာ လူဇင်ဘတ်ဖြစ်ပြီး တစ်ဦးချင်း နှစ်စဉ်ဝင်ငွေဒေါ်လာ ၈၁၀၀၀ ရှိသည်။ လူဦးရေ ၅၀၀၀၀၀ ခန့်သာရှိသော လူဇင်ဘတ်နိုင်ငံသည် ဘယ်လ်ဂျီယမ်၊ ပြင်သစ်၊ ဂျာမနီတို့နှင့် နယ်နိမိတ်ထိစပ်နေသော ဘဏ္ဍာရေး ဗဟိုချက်ဖြစ်သည်။ ၀ယ်နိုင်စွမ်းအားနှင့် တစ်ဦးချင်းဝင်ငွေကို နှိုင်းယှဉ်တွက်ချက်ပြီး နိုင်ငံ ၁၈၂ နိုင်ငံကို စစ်တမ်းပြုစုခဲ့ခြင်းဖြစ်ကြောင်း ဖို့ဘ်မဂ္ဂဇင်းက ပြောကြားခဲ့သည်။  ကမ္ဘာ့အချမ်းသာဆုံး ထိပ်တန်း ၁၀ နိုင်ငံစာရင်းတွင် ဘရူနိုင်းက နံပါတ် ၅ နေရာရရှိခဲ့ပြီး အမေရိကန်က နံပါတ် ၇ နေရာရရှိခဲ့ကာ ဟောင်ကောင်က နံပါတ် ၈ နေရာရရှိခဲ့ကြောင်း သိရသည်။

မူရင်းလင့် (Eleven)

ဘုရားရှိခိုးရာတွင် တဘတ်တင်ခြင်းနဲ့ပတ်သတ်၍

အရှင်ဆန်နီနေမင်း အမေးအဖြေများ ထဲက ဖတ်ဖူးခဲ့တာပါ...။


တပည့်တော်တို့ ဘုရားရှစ်ခိုးတဲ့အခါမှာ တဘတ်ပါရင် ပိုပြီးအကျိုးဖြစ်ထွန်းပါလား။ တချို့က စိတ်သာအဓိကပါလို့ ပြောပါတယ်။ တပည့်တော်ကို အဲဒီအကြောင်းလေး ရှင်းပြပေးပါဘုရား။
 

မိန်းကလေးများ ရှိခိုးတဲ့အခါ တဘတ်ပါရခြင်းအကြောင်းကတော့ မြန်မာ့ရိုးရာ အစဉ်အလာတစ်ခု ဖြစ်လိမ့်မည် ထင်ပါသည်။ မိန်းကလေးများ ပွဲလမ်းသဘင် တက်ရောက်ရာတွင် တဘတ်အသုံးပြုခြင်းကို ထောက်ဆကြည့်လျှင် တဘတ်သည် မိန်းကလေးများ၏ အဆင်တန်ဆာလည်း ဖြစ်နိုင်ပါပေသည်။

ထိုတဘတ်သည် အိန္ဒိယလူမျိုးများ၏ ရိုးရာယဉ်ကျေးမှုမှ ဆင်းသက်လာတယ်လို့ လည်းယူဆနိုင်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ရှေးအိန္ဒိယလူမျိုး မိန်းကလေးများ၏ အ၀တ်အစားသည် အပေါ်ယံအခြုံတစ်ခု ပါပါသည်။ ထိုအ၀တ်အစားကို မိန်းကလေးများ ၀တ်ဆင်အသုံးပြုတဲ့အခါ အပေါ်ရုံအစလေးတစ်ခုကို တဘတ်ကဲ့သို့ ပခုံးပေါ်မှာ တင်လေ့ရှိကြပါသည်။

ထိုခေတ်ကနေ စတင်အသုံးပြုခဲ့သော အ၀တ်အစားများသည် ယခုနောက်ပိုင်း အ၀တ်အစားများ ပြောင်းလဲလာတဲ့အခါ မိန်းကလေးများတွင် ပခုံးပေါ်မှာ တင်စရာမရှိတော့သောကြောင့် တဘတ်ကို အစားထိုး အသုံးပြုလာခြင်း ဖြစ်လိမ့်မည်ဟု ယူဆရပါသည်။

ရဟန်းတော်များ သံဃာအချင်းချင်း ဒေသနာကြားသောအခါ၌လည်းကောင်း၊ ဘုရားရှင်နှင့်ထေရ်ကြီးဝါကြီးများအား ရှိခိုးသောအခါ၌လည်းကောင်း သင်္ကန်းကို လက်ကတော့ထိုးပြီး ရှိခိုးခြင်း အရိုအသေပေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

ထို့အတူ လူဝတ်ကြောင်များသည်လည်း ဘုရားရှင်နှင့်သံဃာတော်များအား ရှိခိုးသောအခါ ရဟန်းသံဃာများကဲ့သို့ လက်ကတော့ထိုးရန် အ၀တ်အစားမရှိသဖြင့် ယောဂီတဘတ်ပုံစံ ခါးသိုင်းတဘတ်ကို အသုံးပြုကြခြင်း ဖြစ်နိုင်ပါသည်။ ယခုနောက်ပိုင်းတွင် ယောက်ျားလေးများသည် တဘတ်ကိုင်ခြင်းကို မိန်းကလေးများ၏ အ၀တ်အစားတစ်ခုအဖြစ်သတ်မှတ်ကာ ယောက်ျားလေးများ အသုံးပြုခြင်း မရှိကြတော့ပေ။

တဘတ်ကို အသုံးပြု၍ ရှိခိုးခြင်းဖြင့် ထူးခြားသော အကျိုးဖြစ်ထွန်းမှု သီးသန့်မရရှိသော်လည်း မိမိတို့မြန်မာ့ရိုးရာ ဗုဒ္ဓဘာသာအစဉ်အလာကို ထိန်သိမ်းသော အားဖြင့်လည်းကောင်း၊ မိန်းကလေးများ၏ အဆင်တန်ဆာအနေဖြင့်လည်းကောင်း၊ ဘုရားရှိုခိုးတဲ့အခါ လူကြီးများကို အရိုအသေပေးတဲ့အခါ တရားနားကြတဲ့အခါမှာတော့ အသုံးပြုသင့်ပါပေသည်။ သို့မှသာလျှင် မိမိတို့လူမျိုးဘာသာကို အခြားလူမျိုးဘာသများက ကြည့်ရှု့မြင်တွေ့မိလျှင် မိမိတို့ဘာသာအပေါ် အလေးထားမှုများဖြစ်ပြီး သူတို့သန္တာန်၌လည်း ကြည်နှုးအံ့သြမှုများ ဖြစ်နေမည်မှာ သေချာပေသည်။

စာရေးသူ သိသမျှ စဉ်းစားမိသမျှတော့ ဤမျှပင်ဖြစ်၍ ဒီမှာပင် နိဂုံးချုပ်လိုက်ပါပေည်။ မိန်းကလေးများအားလုံး တဘတ်ကို ယဉ်ကျေးမှုအနေဖြင့် သူ့နေရာနဲ့သူ ကောင်းမွန်မှန်ကန်စွာ အသုံးပြုနိုင်ကြပါစေလို့ ဆန္ဒပြုလျက်………………။

စိတ်ဓာတ်မကျအောင် ကူညီပေးမည့် ရိုးရှင်းသော နည်းလမ်းများ

အင်တာနက်ကဖတ်မိတဲ့ နည်းလမ်းလေးတွေပါ။ တချိန်ချိန်မှာ အသုံးဝင်လာနိုင်ပါတယ်...။

စိတ်ဓာတ်ကျ နေသလား။ လူတိုင်းလိုလိုမှာ စိတ်ဓာတ်ကျခြင်း ဖြစ်ရတဲ့ အခြေခံ အကြောင်းရင်တွေ ရှိတတ်ပါတယ်။ ဒါပေမယ့် စိတ်ဓာတ်ကျ ဝေဒနာ အများစုဟာ ဘဝနေထိုင်မှုဟန်ပန် ပြောင်းလဲလိုက်ရုံနဲ့ သက်သာလျော့ပါး သွားတတ်ပါတယ်။ ဘဝမှာ တစ်ကြိမ်တစ်ခါမှ စိတ်ဓာတ် မကျဖူးဘူး ဆိုတဲ့ လူအနည်းစု တော့ရှိပါတယ်။ သူတို့မှာ ခက်ခဲကြမ်းတမ်းတဲ့ အချိုးအကွေ့ မကြုံလာသမျှ လောကဓံ အကောင်း၊ အဆိုးတွေကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်တဲ့ နည်းလမ်းတွေ ရှိနေတာကြောင့်ပါ။

၁။ သင့်ကိုယ်သင် အပြစ်မတင်ပါနဲ့
စိတ်ဓာတ်ကျ ဝေဒနာကို အနိုင်ယူနိုင်တဲ့ အရိုးရှင်းဆုံး၊ အရေးအပါဆုံးနဲ့ ဈေးအသက်သာဆုံး နည်းလမ်း တစ်ခုပါ။ စိတ်ဓာတ်ကျ ခြင်းမှာ ကိုယ့်ကိုယ်ကိုယ် အပြစ်တင်လို စိတ်နဲ့ မလုံခြုံတဲ့စိတ် ရောနှော ပါဝင်နေ တတ်ပါတယ်။ စိတ်ဓာတ်ကျခြင်း ကင်းဝေး သူတွေမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ အားကိုးမှု အပြည့်ရှိပါတယ်။ ကိစ္စတစ်ခုခုမှာ အမှားလုပ်မိခဲ့တယ် ဆိုရင်တောင် ကိုယ့်ကိုယ်ကိုယ် အပြစ်မတင်ဘဲ အမှားကနေ သင်ခန်းစာ ယူနိုင်ဖို့သာ ကြိုးစားသင့်ပါတယ်။

၂။ ရင်ဖွင့်ပြောဆိုပါ
စိတ်ဓာတ်ကျရတဲ့ အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောနိုင်ဖို့ မလွယ်ပါဘူး။ ဒါပေမယ့် စိတ်ဓာတ်ကျခြင်း အကြောင်း လူတွေကို ပြောပြတာက လျှို့ဝှက်ပြီး မျိုသိပ် ခံစားနေတာထက် ပိုကောင်းတာ ကတော့ အမှန်ပါပဲ။ ဒါကြောင့် စိတ်ဓာတ်ကျ နေချိန်မှာ တစ်ယောက်တည်း အထီးကျန် မနေပါနဲ့။ မိသားစုဝင်တွေ၊ မိတ်ဆွေ သူငယ်ချင်းတွေနဲ့ အဆင်မပြေရင်တောင် စိတ်ပညာရှင် တစ်ဦးနဲ့ တွေ့ဆုံကာ ရင်ဖွင့် ပြောဆိုလိုက်ပါ။

၃။ ပုံမှန် ကိုယ်လက်လှုပ်ရှားပေးပါ
စိတ်နဲ့ ခန္ဓာကိုယ် ကျန်းမာရေးဟာ ဆက်စပ်မှု အများကြီး ရှိပါတယ်။ စိတ်ဓာတ် ကျချင်သလိုလို ဖြစ်လာရင် ပြေးခြင်း၊ ဘတ်စကတ်ဘော ကစားခြင်းတွေလို ကိုယ်လက် လှုပ်ရှား အားကစား လုပ်လိုက်ရင် စိတ်ခံစားချက် ကောင်းမွန် လာနိုင်ပါတယ်။ မိနစ် ၃၀ လောက် အားကစား လုပ်လိုက်ရုံနဲ့ စိတ်ဓာတ် ကျချင်တဲ့ လက္ခဏတွေ လျော့ပါးသွားပြီး စိတ်ခွန်အားတက် လာပါလိမ့်မယ်။ လေ့လာမှုတွေအရ မိနစ် ၃၀ကြာ အားကစားပြုလုပ်ပြီးရင် ၁၂ နာရီနဲ့ အထက်အထိ စိတ်ခံစားမှု ကောင်းမွန် နေနိုင်ကြောင်း သိရပါတယ်။

၎။ ဆုံးဖြတ်ချက်ချစရာ အရေးကြီးကိစ္စများကို ရွှေ့ဆိုင်းပါ
စိတ်ဓာတ်ကျ ခြင်းဟာ အသိစိတ်ကို ဝေဝါးစေတဲ့ အတွက် ဆုံးဖြတ်ချက် ချရာမှာ မှားယွင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် စိတ်ခံစားမှု ကောင်းမွန် လာအောင် စောင့်ပြီးမှ အရေးကြီး ကိစ္စရပ်တွေကို ဆုံးဖြတ်ချက် ချမှတ်ပါ။ တကယ်လို့ မဖြစ်မနေ ဆုံးဖြတ်ချက်ချ ရတော့မယ် ဆိုရင် မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ လုပ်ဖော် ကိုင်ဖက်တွေ စတဲ့ ယုံကြည် အားကိုးရ သူတွေနဲ့ တိုင်ပင်ပြီးမှ ဆုံးဖြတ်ချက်ချ သင့်ပါတယ်။

၅။ ကျန်းမာရေးကို ဂရုစိုက်ပါ
စိတ်ဓာတ်ကျ နေရင် ကျန်းမာရေးကို ပိုဂရုစိုက်ပါ။ စိတ်ဓာတ်ကျပြီး ဖြစ်ချင်ရာဖြစ် ဆိုကာ ပေပေတေတေ နေလိုက်ရင် ကျန်းမာရေး ထိခိုက်ပြီး ပိုမိုစိတ်ဓာတ် ကျနိုင်ပါတယ်။ စိတ်ဓာတ်ကျ ခြင်းနဲ့ ဆီးချို သွေးချိုရောဂါ၊ နှလုံးရောဂါစတဲ့ ကျန်းမာရေး ပြဿနာတွေ အပြန်အလှန် ဆက်စပ်မှု ရှိနေပါတယ်။ လေ့လာမှုအရ ဆီးချို သွေးချို ရောဂါရှိသူတွေ စိတ်ဓာတ်ကျ လွယ်ကြောင်း နဲ့ နှလုံးရောဂါ ရှိသူတွေ စိတ်ဓာတ်ကျရင် နှလုံးရောဂါထခြင်း အဖြစ်များကြောင်း သိရပါတယ်။

၆။ အရက်နှင့်ဆေးဝါး ရှောင်ပါ
လူအများစုဟာ စိတ်ဓာတ်ကျနေရင် ထွက်ပေါက် အနေနဲ့ အရက်သောက် လိုက်တာမျိုး၊ စိတ်ကျကုသဆေး သောက်လိုက်တာမျိုး လုပ်တတ်ကြပါတယ်။ အရက်သောက်တာနဲ့ ကိုယ့်သဘောနဲ့ ကိုယ်ဆေးဝါး သောက်သုံး တာတွေဟာ စိတ်ဓာတ်ကျဝေဒနာကို ပိုမို ဆိုးရွားစေ ပါတယ်။ စိတ်ဓာတ်ကျ နေချိန်မှာ သာမန် အချိန်တွေထက် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ် နိုင်စွမ်းအား လျော့နည်းတတ်တဲ့ အတွက် အရက်စွဲတာနဲ့ ဆေးစွဲတာတွေ ဖြစ်လွယ်ပါတယ်။

၇။ နေ့စဉ်အလုပ်များကို ပုံမှန်ဆောင်ရွက်ပါ
နေ့စဉ် လုပ်ရမယ့် တာဝန် ဝတ္တရားတွေကို ပုံမှန် လုပ်ဆောင်တာဟာ စိတ်ဓာတ် ကျခြင်းကို တွန်းလှန် နေသူတွေ အတွက် အရေးကြီးပါတယ်။ စိတ်ဓာတ် ကျနေရင် အိမ်ထဲမှာပဲ အောင်းမနေပါနဲ့။ ဈေးဝယ်ခြင်း၊ ဟင်းချက်ခြင်း၊ အိမ်သန့်ရှင်းရေး လုပ်ခြင်း စတဲ့ အိမ်မှု ကိစ္စတွေကို လုပ်ဆောင် ပေးတာဟာ စိတ်သက်သာရာ ရစေပြီး စိတ်ညစ်စရာတွေကို မတွေးတော မိစေတော့ပါဘူး။

ငရဲဟူသည် အဘယ်နည်း

ကျွန်တော်လဲ ငရဲအကြောင်းတော့ သေချာမသိပါဘူး... ဒါလေးကတော့ International news for Myanmar မှာ တင်ထားတာလေးပါ။ မူရင်းအတိုင်းပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ...။

ငရဲအကြောင်းရေးရမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်တို့ အထူးပင်စိတ်ဝင်စားချေလိမ့်မည်။ အဘယ်ကြောင့် ဆိုသော် ငရဲဆိုလျှင် လူဆယ်ဦး အတွေးဆယ်ခု အမြင်ဖြင့် သုံးသပ်နေကြခြင်းကြောင့် ဖြစ်သည်။ ယင်းသို့ သုံးသပ်ခြင်းမှာ လည်း ဗုဒ္ဓဘာသာဝင်တို့အမှားမဟုတ်။ ငရဲဟူသည်ကား မည်သို့မည်ပုံဖြစ်သည်ဟု လေ့လာသူ နှင့် ပြန်လည်ဟောကြားသူ နည်းပါးနေခြင်းကြောင့်လည်းဖြစ်သည်။

ငယ်စဉ်ကတည်းက ငရဲဆိုတာဘာလဲ။ ဆီပူဒယ်အိုးထဲမှာ ထည့်မွေတာလား ဟု လူကြီးများကို မေးလေ့မေးထ ရှိခဲ့သည်။ ဗုဒ္ဓဘာသာစာပေကျမ်းဂမ်များကို လေ့လာလိုက်စားပြီးနောက် ငရဲဆိုသည်မှာ ဤသို့ဤပုံရှိသည်ဟု သိရှိရသည်။

စာဖတ်သူ ဓမ္မမိတ်ဆွေသည်လည်း ငရဲကိုယုံပါသလော။ ဗုဒ္ဓဘာသာဝင်တို့ ငရဲကို မည်သို့ သတ်မှတ်ပါလေသ လော။

ဗုဒ္ဓဘာသာဝင်တို့ ၃၁ ဘုံရှိသည်ကို သိရှိပြီးဖြစ်သည်။ (အသေးစိတ်သိသူများလည်း ရှိလျှင်ရှိချေမည်) ထို ၃၁ ဘုံ အကျဉ်းချုပ်ဖော်ပြရသော် ငရဲ၊ တိရစ္ဆာန်၊ ဗြိတ္တာ၊ အသူရကာယ်၊ လူ့ဘုံ၊ နတ်ပြည် ခြောက်ထပ်၊ ဗြဟ္မာပြည် အထပ် ၂၀ ဟု စုစုပေါင်း ၃၁ ဘုံရှိချေသည်။ ဤသည်မှာ စာရေးသူ အပြောမဟုတ် ဗုဒ္ဓ၏ အဆုံးအမများဖြစ်ချေ သည်။ ဗုဒ္ဓအဆုံးအမဟုဆိုရာတွင် ထိုဘုံများကို ဗုဒ္ဓမြတ်စွာဘုရားဖန်ဆင်းလေသလားဟူ၍ လည်း အထင်မှားသူများလည်း ရှိကောင်းရှိချေလိမ့်မည်။ လားလားမှ မသက်ဆိုင်ပါ။ စင်္ကြဝဌာ ဖြစ်တည်သည်မှ စ၍ အနန္တလောကကြီး ကနဦးကတည်းက ၃၁ ဘုံရှိလာခြင်း ဖြစ်သည်။ မြတ်စွာဘုရားရှင်ကိုယ်တိုင် ဤ ၃၁ ဘုံတွင် ကျင်လည်ခဲ့ရသေးသည်။

မြတ်စွာဘုရား ရှင်ကိုယ်တော်တိုင် ဘုရားမဖြစ်မှီ အရင့်အရင် ဘဝများက ငရဲဘုံတွင် ဝဋ်ကြွေးခံခဲ့ရသည်။ ထို့ကြောင့် ဘုရားလောင်း တေမိမင်းသား ဘဝသို့ရောက်သောအခါ ဆွံ့အသူ ပမာ စကားတစ်ခွန်းမှ မပြောခဲ့ချေ။ မုသား၏ အကုသိုလ်ကံမည်မျှကြီးလေသည်ကို သိရှိပြီး တုန်လှုပ်ခြောက်ခြားခဲ့သည်။ ယခင် ငရဲဘုံဘဝက အာခေါင်ခံတွင်းသို့ သံရည်ပူများလောင်းချ ခံရသည့် ငရဲဘုံတွင် ဝဋ်ကြွေးပေးဆပ်ခဲ့ရခြင်းကြောင့် ယင်းအလေ့အထုံကို အမှတ်သညာဖြစ်ကာ စကားမပြောပဲနေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားရှင်ကိုယ်တော်တိုင် ငရဲကျခံရသည်ကို စာဖတ်သူတို့ ဘုရားလောင်းဇာတ်တော်အရ သိရှိပြီဖြစ်သည်။ ထို့ကြောင့် ငရဲဘုံမှာ မြတ်စွာဘုရား ဟောကြားခဲ့သည့် ဆိုသော်ငြားလည်း ဘုရားမပွင့်မှီ ပဝေသနီကတည်းက တည်ရှိနေသာ ဘုံတစ်ခုဖြစ်ကြောင်း ထောက်ပြနိုင်ချေသည်။

ငရဲကြီး ရှစ်ထပ်ရှိချေသည်။ ၄င်းတို့မှာ- သဉ္ဇိုင်းငရဲ၊ ကာဠသုတ်ငရဲ၊ သံဃာသ ငရဲ၊ ရောရုဝ ငရဲ၊ မဟာရောရုဝ ငရဲ၊ တာပန ငရဲ၊ မဟာတာပန ငရဲ၊ အဝီစိငရဲ ဟူ၍ ဖြစ်ပြီး

ကမ္ဘာအပေါ်ဆုံးရှိ စားသောက်ဆိုင်

ကျွန်တော်တောင် နောက်လလောက်ကျရင် သွားစားမလို့.. လိုက်ကြဦးမလား... :D


ကမ္ဘာကြီးရဲ့ ရင်သပ်ရှုမောဖွယ် ကောင်းကင်မြင်ကွင်းကို ခံစားနိုင်တဲ့ Restaurant Atmosphere စားသောက်ဆိုင်ဟာ ဒူဘိုင်းရှိ ကမ္ဘာ့အမြင့်ဆုံး အဆောက်အအုံ Burj Khalifa ရဲ့ မြေညီထပ်မှ ရေတွက်ရင် ပေပေါင်း ၁၃၅၀ ပေ အမြင့်မှာ ဖွင့်လှစ်ထားတာပါ။

မစားကောင်းတဲ့အသား

မစားကောင်းတဲ့အသားက ” လူ ခွေး မြင်း ဆင် သစ် ကျား ခြင် ၀ံလျှင် အောင်းမြွေမျိုး” ဆိုတဲ့ လင်္ကာလေးအတိုင်း ဆယ်မျိုးရှိပါ တယ်၊ အဲဒါဘာသားတွေလဲဆိုတော့
(၁) လူသား
(၂) ခွေးသား
(၃) မြင်းသား
(၄) ဆင်သား
(၅) သစ်သား (ကျားသစ်သား)
(၆) ကျားသား
(၇) ခြင်္သေ့သား
(၈) ၀ံသား
(၉) အောင်းသား
(၁၀) မြွေသား

ယခုပြောပြခဲ့တဲ့အသားတွေက အဓိကသိက္ခာပုဒ်ထုတ် ပညတ်တော်မူခဲ့တာက သာသာနာ့ဘောင်အတွင်း နေထိုင်တဲ့ရဟန်းတော်တွေ ရှင်သာမဏေတွေအတွက် ပညတ်ခဲ့တာပါ၊ လူတွေအတွက်ပညတ်ခဲ့တာ မဟုတ်ပါဘူး၊ ဘာကြောင့် ဒီလိုပညတ်ခဲ့ သလဲဆိုရင် လူသားကတော့ ဇာတ်တူသားချင်းမို့ မစားပါနဲ့ ပညတ်ခဲ့တာပါ၊ ဇာတ်တူ သားချင်းစားရင် အမျိုးပျောက်သွားမှာမို့ပါ၊ ရှေးရှေးက ဟင်္သာကိုးသောင်းဟာ ဇာတ်တူ သားချင်းစားလို့ အမျိုးပျောက်ခဲ့ရဘူးတဲ့ သာဓကာရှိခဲ့ပါတယ်၊ ခွေးသားကတော့ ယုတ်ညံ့တဲ့ အသားဖြစ်တဲ့အတွက် မစားပါနဲ့လို့ တားမြစ်ခဲ့တာပါ၊ မြင့်မြတ်တဲ့ သာသနာ့ ဘောင်နေပြီး ယုတ်ညံ့တဲ့ခွေးသားစားနေရင် လူတွေအထင်သေးခံရ မှာစိုးလို့ပါ၊ မြင်းသားနဲ့ဆင်သားကိုတော့ ရှေးခေတ်ဘုရင်တွေလက်ထက်မှာ ရတနာလို့သတ်မှတ်ပြီး စီးနေကြလို့ မစားပါနဲ့လို့ တားမြစ်ခဲ့တာပါ၊ ကျန်တဲ့နံပါတ်ငါးကနေ တစ်ဆယ်အထိ အသားတွေက အန္တရာယ်များတဲ့အတွက် မစားပါနဲ့လို့ ပညတ်ခဲ့တာပါ။

မြန်မာဆေးပညာရှင် ဦးဆောင်သော ဖော်ထုတ်တွေ့ရှိချက် အသစ်

ဒီသတင်းလေးက Eleven Media Group မှာ ဖေါ်ပြထားတာပါ။ ကိုယ့်လူမျိုးတွေက ဦးဆောင်ပါဝင်နိုင်တော့ ဂုဏ်ယူရတာပေါ့ဗျာ...။

ရှားပါးရောဂါစု တစ်မျိုးနှင့် ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာတို့ ဆက်စပ်နေကြောင်း သုတေသန တွေ့ရှိချက် အသစ်တစ်ခုကို မြန်မာ ဆေးပညာရှင်တစ်ဦး ဦးဆောင်သော သုတေသနအဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါတွေ့ရှိချက်ကို နိုင်ငံတကာ သတင်းမီဒီယာများ၌ ထိပ်တန်း သတင်းအနေဖြင့် ဖော်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သုတေသနတွေ့ရှိချက် အသစ်ကို အမေရိကန်နိုင်ငံ ကင်ဆာ ရောဂါပညာရှင်များအဖွဲ့( American Society of Clinical Oncology) မှ ထုတ်ဝေသည့် ထိပ်တန်းဆေးသိပ္ပံဂျာနယ် Journal of Clinical Onco- logy  ၌ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဖော်ပြခဲ့ပြီး ရိုက်တာသတင်းဌာနနှင့် Sky News ၊ Fox News ၊ Science Daily  အစရှိသော မီဒီယာများ အပါအ၀င် နိုင်ငံတကာသတင်းမီဒီယာများတွင်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြခဲ့ကြသည်။
သုတေသနတွေ့ရှိချက် အသစ်ဖော်ထုတ်မှုကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ မဲလ်ဘုန်းတက္ကသိုလ် မှ မျိုးရိုးဗီဇသုတေသနပညာရှင် ဒေါက်တာအောင်ကိုဝင်းနှင့် တွဲဖက် ပါမောက္ခ Mark Jenkins တို့ ဦးဆောင်သည့် Colon Cancer Family Registry အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
တွေ့ရှိမှုမှာ ရှားပါးရောဂါစု တစ်မျိုးဖြစ်သည့် Lynch Syndrome ဝေဒနာရှင်များတွင် မုန့်ချိုအိတ်(ခေါ်) ပန်ကရိယ(Pancreas) ကင်ဆာနှင့် ရင်သား ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ပိုမိုမြင့်မားကြောင်းကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။ Lynch Syndrome ရောဂါစုသည် လူ့ခန္ဓာကိုယ် မျိုးရိုးဗီဇစနစ်၏ အဓိကဖြစ်သော DNA ကွဲလွဲမှု ပြင်ဆင်ပေးနိုင်သည့် မျိုးရိုးဗီဇသဏ္ဌာန်ပြောင်းလဲမှု( mismatch repair gene mutation) ရှိသူများထံ တွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

ကမ္ဘာ့ထိပ်တန်းစာရင်းဝင်မြန်မာနဲ့ အောက်ဆုံးရောက်သွားတဲ့ စင်ကာပူ

ကမ္ဘာနှင့်အ၀ှမ်း နှစ်စဉ် ပြုလုပ်နေတဲ့ ဘယ်စာရင်းမှာမဆို အောက်ဆုံးရောက်နေတဲ့ မြန်မာနိုင်ငံက သဘာဝသယံဇာနှင့် ပတ်သက်လာရင် ထိပ်ဆုံးစာရင်းမှာ ပါလာတာကိုတွေ့ရပါတယ်။ 
အဲ့ဒီ ဂေဟစနစ်အညွန်းကိန်းမှာ အောက်ဆုံးရောက်နေတဲ့နိုင်ငံတွေထဲမှာတောင် ကျွန်တော်တို့နိုင်ငံနဲ့ယှဉ်ရင် အစစ၊ အရာရာသာနေတဲ့နိုင်ငံတွေပါနေတာ သတိပြုမိမှာပါ။
တခါတလေကျတော့လဲ ဒီလောက်ပေါများတဲ့ သဘာဝသယံဇာတတွေနဲ့ ကျွန်တော်တို့နိုင်ငံဟာ အကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာမှာ အောက်ကျနောက်ကျဖြစ်နေရတာ စိတ်မကောင်းမိဘူးဗျာ...။

ဗြိတိသျှ ကိုလမ်ဘီယာတက္ကသိုလ်က ပြုလုပ်တဲ့ The Eco2 Index ဂေဟစနစ် အညွန်းကိန်းမှာ စင်္ကပူနိုင်ငံက ကမ္ဘာ့ အဆိုးဆုံး စာရင်းမှာ ပါဝင်သွားပါတယ်။ ကမ္ဘာ့အဆိုးဆုံး ငါးနိုင်ငံက 

၁။ စင်္ကာပူ ၂။ ဂျော်ဒန် ၃။ ကိုးရီးယား ၄။ အစ္စရေး ၅။ ကူဝိတ်နိုင်ငံ တို့ဖြစ်ကြပါတယ်။

ဂေဟစနစ် အကောင်းဆုံး ငါးနိုင်ငံက 

၁။ ဗော်လဗီးယား ၂။ အင်ဂိုလာ ၃။ နမီးဘီးယား ၄။ ပါရာဂွေး ၅။ အာဂျင်တီးနား တို့ဖြစ်ကြပါတယ်။ 

အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မြန်မာက ထိပ်ဆုံးပြေးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ နိုင်ငံပေါင်း ၁၅၀ ထဲမှာ မြန်မာက အဆင့် ၃၂ မှာရှိပါတယ်။ မလေးရှားက အဆင့် ၈၀ နှင့် ထိုင်းနိုင်ငံက အဆင့် ၉၆ ကိုရောက်သွားပါတယ်။ ဒီသုတေသနက ကမ္ဘာ့ဘဏ်က အချက်အလက်တွေကို အခြေခံပြီး လုပ်ခဲ့တာ ဖြစ်ပါတယ်။
စင်္ကာပူနိုင်ငံဟာ ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးတွေမှာ ပိုငွေတွေ ပြနေပေမယ့် ဂေဟစနစ် ချွတ်ခြုံကျမှု က ကမ္ဘာ့ ထိပ်ဆုံးစာရင်းမှာ ပါသွားပါတယ်။ စင်္ကာပူ ဥပဒေပြုအမတ်တွေဟာ သူတို့နိုင်ငံရဲ့ ဖွံ့ဖြိုးမှုနှင့် ဂေဟစနစ် အဆက်အစပ်ကို စိုးရိမ်ပူပင်မှုတွေ အစဉ်ရှိခဲ့ကြပါတယ်။ အထူးသဖြင့် ရေပြတ်လတ်မှု၊ စွမ်းအင်မရှိမှုနှင့် အခြားသော သဘာဝ သယံဇာ မရှိမှုတွေကြောင့် စိုးရိမ်ပူပင်မှုတွေရှိခဲ့ပါတယ်။
စင်္ကာပူရဲ့ လေအေးစက်တတ်ထားတဲ့ ကြီးမားတဲ့ ရှော့ပင်းမောတွေနှင့် လူထုရဲ့ စားသုံးမှုတွေက ထုတ်လုပ်လိုက်တဲ့ စွန့်ပစ် ပစ္စည်းတွေဟာ စင်္ကာပူမှာရှိတဲ့ စိုက်ပျိုးနိုင်တဲ့မြေနဲ့ စွမ်းအင်ကို မမျှမတ ဖြစ်စေပါတယ်။ စင်္ကပူရဲ့ အဓိက ပြသနာက စွမ်းအင်နဲ့ ရေကို နိုင်ငံခြား တိုင်းပြည်တွေကနေ တင်သွင်းနေရတဲ့ ပြသနာဖြစ်ပါတယ်။ အိမ်နီးချင်း မလေးရှားနိုင်ငံက ၂၀၆၁ ခုနှစ်ထိ စင်္ကာပူအတွက် လိုအပ်တဲ့ ရေကိုဖြည့်ဆည်းပေး ဖို့သဘောတူထားပါတယ်။ 

ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့နိုင်ငံလည်း အားလုံးတက်ညီလက်ညီ ကြိုးစားကြရင် နောင်အနာဂတ်မှာ အစစ၊ အရာရာမှာ အရင်ကထက် တိုးတက်လာတော့မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်ဗျာ...။

မူရင်းသတင်းလင့် (maukkha.org) 

စကားကြီးဆယ်ခွန်း

ကျွန်တော်တို့ လူ့ပတ်ဝန်းကျင်မှာ စကားအပြောအဆိုလိမ္မာပါးနပ်မှုဟာ အရေးကြီးပါတယ်..
မြန်မာ့ရိုးရာမှာတော့ စကားပြောဆိုနည်း (၁၀) မျိုးဆိုပြီး သတ်မှတ်ထားတာ အားလုံးသိပြီးဖြစ်ပါတယ်...
ဒါပေမယ့် သေချာတိတိကျကျလေး သိကြရအောင် ဖတ်ဖူးခဲ့တာလေး ပြန်ဝေမျှလိုက်ပါတယ်...။

(၁) ရေကူးညာတင် ပြောနည်း
မြစ်တစ်စင်းရဲ့အထက်ကို အညာဟုခေါ်ပြီး အောက်ဖက်ကို အကြေလို့ခေါ်ပါတယ်။ အညာကို ဆန်တက်တယ် လို့ခေါ်ပြီး အကြေကိုကျတော့ စုန်ဆင်းတယ်လို့ဆိုပါတယ်။ မြစ်ရေက အထက်ကအောက်ကို စီးဆင်းတော့ အညာမှအကြေသို့စုန်တယ်လို့ ဆိုပါတယ်။  မြစ်ကိုကန့်လန့်ဖြတ်ကူးမယ်ဆိုရင် လိုရာရောက်ဖို့အတွက် အပေါ်(အညာ)ဖက်က ကူးရပြီး အဲ့ဒါမှ လိုရာရောက်မှာပါ။
အဲလိုပဲ စကားပြောရာမှာလဲ အခြေအနေနှင့်အချိန်အခါကိုတွက်ပြီး ပိုပိုသာသာပြောခြင်းကို ရေကူးညာတင်ပြောနည်းလို့ ခေါ်ပါတယ်။ ကတိစကားတွေမှာအသုံးဝင်ပါတယ်.. ဥပမာ.. အလုပ်တစ်ခုကို ၃ရက်နဲပြီးနိုင်ပေမယ့် ၅ရက်လောက်ထိစောင့်ပေးပါလို့ ပြောတာမျိုးဖြစ်ပါတယ်။

(၂) ကောက်ပင်ရိတ်လှီး ပြောနည်း
ကောက်ပင်ရိတ်တယ်ဆိုတာ လယ်ကွင်းထဲက ကောက်ပင်တွေကို လက်ထဲဝင်နိုင်သမျှဆွဲယူပြီး ဆုပ်ကိုင်ကာ ကျန်တစ်ဖက်က တံစဉ်ကိုင်ပြီး အရင်းမှပိုင်းဖြတ်ရပါတယ်။
အဲ့လိုပဲ တဖက်သားရဲ့စကားကို မိမိရရမှတ်သားပြီး ကိုယ့်အလှည့်မှာ အနိုင်ပိုင်းပြီး ပြောဆိုတာကို ခေါ်တာပါ။
မဲဆွယ်၊ စကားရည်လုပွဲတွေမှာ သုံးပါတယ်။

(၃)  ရေစီးဖောင်ဆန် ပြောနည်း
ရေစီးကိုဆန်တက်ရတဲ့ဖောင်ဟာ လိုရာရောက်ဖို့ ဇွဲ၊လုံ့လ သာမက စားနပ်ရိက္ခာ၊ လုပ်အား၊ စသည်ဖြင့်လိုပါတယ်။
အဲ့လိုပဲ စကားပြောရာမှာ ဥပမာများ၊ အချက်အလက်များ၊ နဲ့ စီစဉ်ပြီးပြောတာကို ခေါ်တာပါ။
မိမိကို နိုင်ထက်စီးနင်းပြောလာတဲ့အခါ ထိထိမိမိပြန်ပြောနိုင်ဖို့ သုံးပါတယ်။

ဥပုသ်သီလနဲ့ သနပ်ခါးလိမ်းသင့်ပါသလား

ဒါလေးကလဲ အထူးသဖြင့် အမျိုးသမီးများအတွက် သိထားသင့်လို့ ဖတ်ဖူးခဲ့တာလေးကို ပြန်တင်ပေးလိုက်ပါတယ်ဗျာ...

အမေး။ ။ အရှင်ဘုရား…တပည့်တော် ၀ါတွင်းဥပုသ်နေ့တွေမှာ ဥပုသ်စောင့်ပါတယ်ဘုရား၊ ဒါပေမဲ့ ရုံးသွားရတော့ သနပ်ခါးလိမ်းပါတယ်ဘုရား၊ (မိတ်ကပ်ပြင်၊နုတ်ခမ်းနီဆိုးခြင်းမဟုတ်ပါ) တရားစခန်းမှာတော့ တပည့်တော်မလိမ်းပါဘူးဘုရား။ ရုံးသွားပြီးအလုပ်လုပ်ရတာဖြစ်တော့ မျက်နှာပြောင်နဲ့သွားဖို့ မကောင်းဘူးထင်လို့ပါ၊သနပ်ခါးလိမ်းတဲ့အခါမှာတော့ လှပလိုတဲ့အတွက် လိမ်းခြယ်ခြင်းမဟုတ်ပါဘုရား။ လူမြင်တင့်တယ်ရုံ သနပ်ခါးလူးတယ်လို့ နှလုံးသွင်းပါတယ်ဘုရား၊ ဒီလိုပြုလုပ်တာဟာ သီလပျက်ပါသလားဘုရား။
တပည့်တော်တွေးမိတာတစ်ခုရှိသေးတယ်ဘုရား၊ တကယ်လို့ သနပ်ခါးလိမ်းတဲ့သီလတစ်ပါးကျိုးရင် ကျန်တဲ့ ၇ ပါး ရနိုင်ပါသေးတယ်လို့ တွေးမိပါတယ်။ အဲဒါဟုတ်ပါသလားဘုရား။

အဖြေ။ ။ဥပုသ်သီလယူပြီး သနပ်ခါးစတာတွေ လိမ်းကောင်းသလားဆိုတာနဲ့စပ်လို့ ၈-ပါးဥပုသ်သီလကို အရင် စစ်ကြည့်ရပါမယ်။ ဒီ ဥပုသ်သီလ မှာ ဌာနာပါတဲ့သိက္ခာပုဒ်နဲ့ ဌာနာမပါတဲ့သိက္ခာပုဒ်ဆိုပြီး သိက္ခာပုဒ် နှစ်မျိုးရှိပါတယ်။ ဒီရှစ်ပါးအနက် သုရာမေရယ သိက္ခာပုဒ်ဟာ ဌာနာပါပါတယ်။ နစ္စ ဂီတစတဲ့သိက္ခာပုဒ်မှာလဲ ဌာနာပါတယ်။ ကျန်တဲ့ ခြောက်ပါးမှာတော့ ဌာနာမပါပါဘူး။
ဌာနာဆိုတဲ့ပုဒ်ဟာ အကုသိုလ်ဖြစ်ခြင်းရဲ့အကြောင်းသာ ရှိပါသေးတယ်။ အကုသိုလ်မဖြစ်သေးပါဘူး။ဒါနဲ့စပ်လို့ ဌာနာမပါတဲ့သိက္ခာပုဒ် တွေမှာ ပါဏာတိပါတ သူတစ်ပါးအသက်မသတ်ခင်မှာလဲ ဒေါသဖြစ်တယ်၊ သတ်ဆဲအခါမှာလဲ ဒေါသအကုသိုလ်ဖြစ်တယ်၊ သတ်ပြီးတဲ့အခါမှာလဲ အကုသိုလ်ဖြစ်တယ်။ ဒါကြောင့် ပါဏာတိပါတစတဲ့ ဌာနာမပါတဲ့သိက္ခာပုဒ်ခြောက်ပါးဟာ မပြုခင်မှာလဲ အကုသိုလ်ဖြစ်တယ်၊ ပြုဆဲမှာလဲအကုသိုလ်ဖြစ်တယ်။ ပြုပြီးမှာလဲ အကုသိုလ်ဖြစ်တယ်။
ဌာနာဆိုတဲ့ပုဒ်ပါတဲ့ အရက်သောက်ခြင်ွးဟာ အကုသိုလ်ဖြစ်ချင်းရဲ့အကြောင်းပဲရှိပါသေးတယ်။ အရက် မသောက်မီကလဲ အကုသိုလ်မဖြစ်ပါဘူး၊ သောက်ဆဲမှာလဲ အကုသိုလ်မဖြစ်ဘူး၊သောက်ပြီးတဲ့အခါမှာသာ တကယ်အကုသိုလ်ဖြစ်တော့မှာပါ။
နစ္စ၊ ဂီတစတဲ့ ကခုန်၊တီးမှုတ်၊သနပ်ခါးလိမ်းတာတွေဟာလဲ မပြုမီက အကုသိုလ်မဖြစ်ပေါ်သေးပါ၊ ပြုဆဲမှာလဲ အကုသိုလ်မဖြစ်ပေါ်သေး ပါ။ ပြုပြီးတဲ့နောက်ပိုင်းမှာ အကုသိုလ်ဖြစ်ရတာပါ။ ဒီလို နောက်မှဖြစ်ပေါ်ရတဲ့အတွက် ဌာနာ သဒ္ဒါ ပါပါတယ်။
ဒါကြောင့် အရက်သောက်ခြင်း၊ သနပ်ခါးလိမ်းခြယ်ခြင်းစတာတွေ ပြုလုပ်ပြီးမှ သီလာယူတာဟာ မအပ်မဟုတ်၊ အပ်ပါတယ်။သို့သော် လည်း သီလခံယူပြီးတဲ့နောက် သနပ်ခါးလိမ်းဖို့ရာ မအပ်တော့တဲ့အတွက်ကြောင့် သီလယူပြီးတဲ့အခါ လိမ်းခြယ်ထားတဲ့သနပ်ခါးတွေကို ပယ်ဖျက်ရပါမယ်။
နောက်တစ်ခုက ရှစ်ပါးသီလကို တစ်ပါးစီဆိုပြီး ရှစ်ပါးစလုံးယူထားရင် တစ်ပါးပျက်က ကျန်ခုနှစ်ပါးရှိပါသေးတယ်။ ဒါပေမဲ့ ရှစ်ပါးစလုံးကို တစ်ပြိုင်တည်း ယူလိုက်မယ်ဆိုရင် တစ်ပါးပျက်က အားလုံးပျက်သွားပါကြောင်း ထပ်လောင်း ဖြေကြားပေးလိုက်ရပါတယ်။
 
Ref: venkawwida.com

ကမ္ဘာတစ်လွှား ရုံးခန်း ဒီဇိုင်းဆန်းများ

International news for Myanmar ကပုံလေးတွေပါ...။



ကမ္ဘာပေါ်ရှိ လှပ ဆန်းကြယ်သော လမ်းများ

မရောက်ဖူးပေမယ့် မြင်ဖူးတာပေါ့ဗျာ...



ဘာသာစကားကြီး ၁၁ မျိုး ကျွမ်းကျင်စွာ ပြောဆိုနိုင်တဲ့ ကျောင်းသား

ကျွန်တော်တို့တတွေ မိခင်စကားအပါအ၀င် ၂ မျိုး၊ ၃မျိုးလောက်ကို အနိုင်နိုင်ဖြစ်နေချိန်မှာ သူများတွေ လေ့လာပုံ၊ ပါရမီရှိလိုက်ပုံများ ကြည့်ကြပါဦးဗျာ...။


အသက် ၂၁ နှစ်ရှိ Alex Rawlings မှာ ဘာသာစကား ၁၁ မျိုးကို ကျွမ်းကျင်စွာပြောနိုင်သူပြီး၊ မကြာခင်က ဗြိတိန်မှာ ကျင်းပတဲ့ တစ်နိုင်ငံလုံးဆိုင်ရာ လူငယ် ဘာသာစကားစွမ်းရည်ပြိုင်ပွဲမှာ ပထမဆုရရှိခဲ့သည်။
Alex Rawlings မှာ လက်ရှိ အော့စ်ဖဒ် တက္ကသိုလ်ကျောင်းသားဖြစ်ပြီး၊ အင်္ဂလိပ်၊ ဂရိ၊ ဂျာမန်၊ စပိန်၊ ရုရှား၊ ဒတ်ခ်ျ၊ အာဖရိကန်၊ ပြင်သစ်၊ ဟီဘရူး၊ ကက်တလန်နဲ့ အီတလီ ဘာသာစကား ၁၁ မျိုးကို ပြောဆို သုံးစွဲနေသူ ဖြစ်သည်။
Harper Collins စာအုပ်ထုတ်ဝေရေးကုမ္ပဏီက ကြီးမှူးကျင်းပတဲ့ အသက် ၁၆ နှင့် ၂၂ နှစ်ကြား ဘာသာစကား စွမ်းရည် ပြိုင်ပွဲမှာ ဆုရခဲ့ခြင်းဖြစ်ပြီး၊ အဲဒီ ဘာသာစကားတွေကို သူ ဘာကြောင့် ဘယ်လို လေ့လာခဲ့သလဲ ဆိုတာ ဘီဘီစီကို ပြောပြခဲ့သည်။


မူရင်းလင့်

စက္ကူပေါ်က ဖန်တီးမှုများ

ဒါလေးတွေကလဲ အနုပညာတရပ်ပါပဲ.. တော်တော်တော့လက်ရာမြောက်ပါတယ်...။




ဂျပန်နိုင်ငံ၏ အံ့ဖွယ်ဟိုက်ဝေးတံတားလမ်းလွှဲစနစ်များ

ရှုပ်ထွေးပွေလီစွာ သွားလာနေကြတဲ့ ကားရောင်စုံတွေအတွက် လမ်းပိတ်ဆို့မှုမဖြစ်အောင် ပြုလုပ်ထားတဲ့ ဂျပန်နိုင်ငံရဲ့ လမ်းလွှဲစနစ်များအကြောင်းကို ကျွန်တော်တို့ကြည့်ကြရအောင် ။ ခေတ်မီ ဗိသုကာလက်ရာတွေနဲ့ ယဉ်ကြောစနစ်တွေက အံမခန်းဖွယ်ရာပါပဲ ။ စက်ဝိုင်းသဏ္ဍာန်တံတားကြီးတွေနဲ့ အကွေ့အကောက်လမ်းမတွေ အရာအားလုံးဟာ သေသပ်လှပစွာနဲ့ ဂျပန်နိုင်ငံရဲ့ခေတ်မှီဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်ပြသလို့နေပါတယ် ။ မိုးထိမြင့်တဲ့အဆောက်အဦးတွေကြားမှာ အကွေ့အကောက်များတဲ့ တံတားတွေက ကောင်းကင်ယံကနေ ဖြာဆင်းနေသလိုပါပဲ ။


နံ့သာ ၁၀ ပါးထဲက ၁ ပါး

ကာဋ္ဌာနုသာရီ - အမြစ်နံ့သာ
စန္ဒကူး - အနှစ်နံ့သာ
ထင်းရူး - အကာနံ့သာ
သနပ်ခါး - အခေါက်နံ့သာ
သီး - အလွှာနံ့သာ
ပွဲလျက် - အရည်နံ့သာ
ကွမ်း - အရွက်နံ့သာ
ကံ့ကော် - အပွင့်နံ့သာ
ဇာတိပ္ဖိုလ် - အသီးနံ့သာ
သင်္ကန်း - အပင်နံ့သာ
ဆိုပြီး နံ့သား ၁၀ မျိုးရှိပါတယ်...။

သနပ်ခါးသည် နံ့သာ ၁၀ပါးတွင် အခေါက်နံ့သာအဖြစ်နှင့်တွေ့ရှိရသည်။ ထို့အပြင်အသီးအပွင့်အရွက်အမြစ် တစ်ပင်လုံးဆေးဖက်ဝင်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။
၁၉၇၂ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၂)တွင် သနပ်ခါးသည် မြန်မာအမျိုးသမီးများ လိမ်းကျံအလှခြယ်ကြသော ပစ္စည်းတစ်ရပ်ဖြစ်ပေသည်။ သနပ်ခါး ကို မခုံမင်မနှစ်သက်သူ မြန်မာအမျိုးသမီး အလွန်ရှားပေလိမ့်မည်။ အခုခေတ်ပေါ်အနောက်တိုင်းအလှခြယ်ပစ္စည်းကိရိယာများအသုံးများ ခေတ်စားနေစေကာမူ သနပ်ခါးနှင့်ကင်းနိုင်သူ မြန်မာအမျိုးသမီးတို့ အရေအတွက်သည် အလွန့်အလွန်ပင်နည်းလှပေသည်။
သနပ်ခါးသည် စိတ်ကြည်လင်လန်းဆန်းဖွယ်ရာ သင်းပျံ့သော ရနံ့နှင့်ပြည့်စုံခြင်း၊ အသားအရေကိုအေးမြစေခြင်း၊ သနပ်ခါးလိမ်းကျံသူအား လှပစေခြင်း စသောဂုဏ်အင်္ဂါနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများအဆုံး သနပ်ခါးကိုလက်မလွှတ်နိုင်ခဲ့ကြပေ။ သနပ်ခါးကိုအမြဲတစေ လိမ်းကျံသဖြင့် အသားအရေစိုပြေ၀င်းဖန့်နေလျှင် ' သနပ်ခါးသားရသည် ' ဟုအမျိုးသမီးများ ဆိုလေ့ရှိကြပေသည် ' ဟုဖော်ပြထားပါသည်။

ကမ္ဘာ့အအေးဆုံး ဟိုတယ်

From International news for Myanmar.



ပန်းဆယ်မျိုး(မြန်မာ့ရိုးရာ)

ဒါလေးတွေက ငယ်ငယ်ကတည်းက သင်ခဲ့ကြ၊ သိခဲ့ကြပေမယ့် အခုချိန်မှာ တော်တော်များများကိုမေးကြည့်ရင် သေချာမသိကြတော့ပါဘူး.. (လိုမှမလိုအပ်တာ.. ဟုတ်ဘူးလား.. :P)
ဘာပဲဖြစ်ဖြစ် ကိုယ့်ရိုးရာတွေဖြစ်တာကြောင့် အင်တာနက်ကနေ ရှာဖွေထားတာလေးကို ပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ...။

'ပန်း' ဟူသော ဝေါဟာရ၏ မူလဘူတ အရင်းအမြစ်မှာ `ပန်´ဖြစ်ကြောင်း စာပေပညာရှင်များက ဖေါ်ထုတ်ထားကြသည်။ `ပန်´၏ အနက်အဓိပ္ပါယ်သည် ဖန်တီးသည်။ ဖန်တီးချက်လက်ရာ၊ ဖန်တီးသူ ဟူ၍ သိရသည်။ အနုပညာလက်ရာတစ်ခု ဖြစ်ပေါ်လာရန် တွေးတောကြံစည်ရခြင်း ကဏ္ဍသည် လုပ်ငန်းပိုင်းဆိုင်ရာ ပန်းအလုပ် ဖြစ်သည် ဟုဆိုပါသည်။ “ပန်း”ဟု ပညတ်ခေါ်ဆိုကြသည်မှာ မွမ်းမံခြယ်လှယ် စီမံရသော သုခုမအနုပညာ ပါသော လုပ်ငန်းဖြစ်ခြင်းကြောင့် သုခုမအနုပညာကို တင်စား၍ ခေါ်ကြောင်း အချို့ပညာရှိများက ယူဆကြသည်။သုတေသီအချို့က “ပန်”ဟု ရှေးကခေါ်ဆိုသောစကားမှာ ပညာလုပ်ငန်း ဟု အဓိပ္ပါယ်ဖြစ်ကြောင်း တိဗက်ဘာသာ၊ တရုတ်ဘာသာ၊ ချင်းဘာသာ စသည်တို့ဖြင့် ကိုးကားတင်ပြကြသည်။

ပန်းဆယ်မျိုးဆိုသည်မှာ မြန်မာ့သုခုမ အနုပညာရပ်များဖြစ်သည့်

(၁)ပန်းပု
(၂)ပန်းပွတ်
(၃) ပန်းတမော့
(၄) ပန်းတဉ်း
(၅) ပန်းယွန်း
(၆) ပန်းပဲ
(၇) ပန်းချီ
(၈) ပန်းတိမ်
(၉) ပန်းတော့
(၁၀) ပန်းရံ

ဘုရားမတင်၊ နတ်မ၀င်၊ လူတွင် ဆယ်ပွင့်ပန်း(သို့)ဘုရားမတင်၊ နတ်မ၀င်၊ လူတွင် ပန်းဆယ်မျိုး ဟုလည်း ခေါ်စမှတ်ပြုသည်။

ရာဇောဝါဒကျမ်းတွင် ပဲ၊ ထိမ်၊ တဉ်း၊ တော့၊ ရန်၊ ပု၊ မော့၊ မှတ်လော့ ပွတ်ချီယွန်း ဟူ၍ ဖွဲ့ဆိုထားသည်။

ကျန်းမာရေး ကောင်းစေတဲ့ ကျောက်ကို ၀တ်ဆင်သူတွေ သတိပြုစရာ

ဝတ်ဆင်ထားလျှင် သွေးတွင်းရှိ မကောင်းသော ကိုလက်စထရော ပမာဏကို ကျဆင်းစေပြီး သွေးတိုးရောဂါ၊ နှလုံးရောဂါ နှင့် လေဖြတ်လေငန်း ရောဂါတို့ကို ကာကွယ်ပေးနိုင်စွမ်း ရှိသည်ဟူသော သိပ္ပံနည်းဖြင့် ဖော်စပ် ထုတ်လုပ်ထားသော အဆောင်ကျောက်တစ်မျိုး ပြည်တွင်းဈေးကွက်သို့ ၀င်ရောက်လာခဲ့ပြီးနောက် ၄င်းပစ္စည်း အရောင်းတွင်ကျယ်လာခဲ့သည်။

လက်ရှိ ပြည်တွင်းဈေးကွက်တွင် လက်ဝတ်ရတနာဆိုင် အချို့တွင် အဆိုပါကျောက်ကို ရွှေငွေ 925 စသည်တို့နှင့် ကွင်း၍ လက်ဝတ်ရတနာအဖြစ် ရောင်းချလျက် ရှိနေသည်။

၎င်းကျောက်သည် အနက်ရောင် ရှိပြီး ကျောက်အတွင်း နေရောင်ခြည် စွမ်းအင်ကို စုပ်ယူနိုင်သော ဆိုလာပြားတစ်ခု ထည့်သွင်းထားကာ နေရောင်ခြည်အောက်တွင် မိနစ်၂၀ ခန့် ၀တ်ဆင်ပေးရုံဖြင့် သွေးလှည့်ပတ်မှု မျှတ ကောင်းမွန်စေကာ ပုံမှန် ၀တ်ဆင်ထားလျှင် ရက်သတ္တပတ် ၃ ပတ်အတွင်း ကျန်းမာရေး အခြေအနေများကို သိသာစွာ တိုးတက်ကောင်းမွန်စေသော ကောင်းကျိုးများ ရှိသည်ဟု သိရသည်။

သို့သော် ထိုကျောက်ကို Haemophilia ဟုခေါ်သော မွေးရာပါ သွေးမတိတ် ရောဂါ ရှိသူများ၊ ခွဲစိတ်ခံရတော့မည့် သူများ ၀တ်ဆင်ရန် မသင့်ကြောင်းနှင့် မည်သူမဆို နေရောင်အောက်တွင် ဆက်တိုက် ၃ နာရီထက် ပိုကြာအောင် ၀တ်ဆင်ခြင်းမှ ရှောင်ကြဉ်သင့်သည် ဆိုသော အချက်ကိုတော့ ၀တ်ဆင်သူများ သတိပြုနိုင်စေရန် တင်ပြပေးလိုက်ပါသည်။

အနေကဇာမတင်တဲ့ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့်

ဒါလေးကလဲ လူတော်တော်များများ အငြင်းပွားနေကြတာလေးမို့ ဖတ်မိတာလေး ပြန်ရေးလိုက်ပါတယ်...။

အမေး။ ။အရှင်ဘုရား တစ်ခါက လူတစ်ယောက်က သူဟာ အနေကဇာတင်မှု မပြုလုပ်ရသေးတဲ့ ဆင်းတုတော်ကို သာမန်အရုပ်တစ်ခုလိုပဲ သဘောထားပါတယ်။ ဒါကြောင့် သာမန်ရုပ်ထုတစ်ခုလို့ သဘောထားပြီး လှေခါးထစ် တစ်နေရာ၊ ဧည့်ခန်း၊ စတဲ့ နေရာတွေမှာ အလှကြည့်ဖို့ ထားထားတာပါ။ လို့ တပည့်တော်အား ပြောဖူးပါတယ်။ တပည့်တော်သိချင်တာက အနေကဇာမတင်ဘဲ ရုပ်ပွားတော်ကို ကိုးကွယ်သင့်/မသင့် ဆိုတာနဲ့ အနေကဇာမတင်သေးတဲ့ ဆင်းတုတော်များကို မသင့်တော်တဲ့ လှေခါးရင်းစတာတွေမှာ ထားသင့်/မသင့် ဆိုတာကို ဖြေကြားပေးတော် မူပါဘုရား။

အဖြေ။ ။ဒီအမေးနဲ့ပတ်သက်ပြီး အချက်သုံးချက်ကို တွေးမိပါတယ်။
(၁) အနေကဇာမတင်ဘဲ ကိုးကွယ်သင့်/မသင့်။
(၂) ရုပ်ပွားဆင်းတုတော်များ ဘုရားအရာ မြှောက်ချိန်၊ ဘုရားလို့ သတ်မှတ်တဲ့အချိန်။
(၃) အနေကဇာမတင်သေးပေမဲ့ မသင့်တော်တဲ့ နေရာများမှာ ထားသင့်/မသင့် ။
ဒီသုံးချက်ကို သိထားပါက အမေးပုစ္ဆာအတွက် ရှင်းသွားပါလိမ့်မယ်။
 

(၁)အနေကဇာမတင်ဘဲ ကိုးကွယ် သင့်/မသင့်
အနေကဇာတင်တယ် ဆိုတာ တစ်ချို့က ရုပ်ပွားဆင်းတုတော်ကို အသက်သွင်းကြတယ်လို့ ယူဆကြတယ်။ အမှန်က သက်မဲ့ပစ္စည်းတစ်ခုသာဖြစ်တဲ့ ရုပ်ပွားတော်ကို အသက်သွင်းလို့ မရှင်လာနိုင်ပါ။ သွင်းလို့လည်း မရပါ။

ကမ္ဘာပေါ်ရှိ အလှဆုံး တံတားများ (၂)

နောက်ထပ် လှပဆန်းကြယ်တဲ့ တံတားလေးများကို ဆက်လက်ဝေမျှလိုက်ပါတယ်...။

Langkawi Sky-Bridge (Malaysia)

 Ponte Vecchio (Italy)

ကမ္ဘာပေါ်ရှိ အလှဆုံး တံတားများ (၁)

ဒီပုံလေးတွေက ကျွန်တော် အင်တာနက်ကနေ သဘောကျလို့ ဒေါင်းထားတာလေးတွေပါ... တံတားတွေက လန်းလို့ ပြန်ဝေမျှလိုက်ပါတယ်...။

 Millau Viaduct (France)

 Helix Bridge (Singapore)

စိတ်တို၊ ဒေါသဖြစ်ဖို့ မဟုတ်ဘူး....

ဒါလေးက ဧဒင်ဥယျာဉ်က မန်ဘာတစ်ဦးတင်ထားတဲ့ပို့စ်လေးပါ.. ဖတ်ပြီးတာတော့ကြာပါပြီ.. သဘောကျလို့ ပြန်ဝေမျှလိုက်ပါတယ်... 

ရှေ့ရက်က အိမ်ပြန်တဲ့ဘတ်စ်ကား ဂိတ်ခဏထိုးရပ်တာနဲ့ ခရီးသည်တွေ တပြုံကြီးတိုးတက်လာခဲ့တယ်။ ကျွန်တော့်ဘေးမှာလာရပ်တဲ့ ရုံးဆင်းစစုံတွဲတစ်တွဲက ကျွန်တော့်အကြည့်ကို ဖမ်းစားထားခဲ့တယ်။ လူများတာကြောင့် ကောင်လေးက သူ့လက်မောင်းနဲ့ ကောင်မလေးလက်ကို မကြာခဏချိတ်နေခဲ့တယ်။ ပြီးတော့ အသံတိုးလေးနဲ့ "ပင်ပန်းခဲ့ပြီလား? ခဏနေကျရင် ဘာစားချင်လဲ?" လို့ မေးနေခဲ့တယ်။

ကောင်လေးအပြောကို ကောင်မလေးက စိတ်မရှည်သလိုနဲ့ "စိတ်ရှုပ်လိုက်တာ... ဘာစားမယ်ဆိုတာ အရင်ဆုံးဖြတ်မထားဘူးလား! ခင့်ကိုပဲ အမြဲမေးနေတော့တာပဲ"လို့ ပြန်ဖြေတယ်။

ကောင်လေးက အပြစ်ရှိသူတစ်ယောက်လို ခေါင်းလေးငုံ့ပြီး ကျွန်တော့်စိတ်ထဲမှာ အစဉ်မှတ်မိနေစေမယ့် စကားတစ်ခွန်းကို ပြောခဲ့တယ်။

Dancing Couple

နှစ်သက်ဖွယ် စုံတွဲအကလေးပါ.. အားပေးကြည့်ရှုလိုက်ကြပါဦး...။


"တစ်ကြိမ်အောင်မြင်ရင် ရပြီ" (KFC ရဲ့မူလအစ...)

(ကျွန်တော် ဖတ်ဖူးတာလေးပါ.. ဘယ်ကလဲတော့ မမှတ်မိတော့ပါဘူး...)

ဘဝမှာ ၁ဝဝ၉ ကြိမ် ကျရှုံးခဲ့ဖူးတဲ့ လူတစ်ယောက်က ဒီလိုပြောခဲ့ပါတယ်။

"တစ်ကြိမ်အောင်မြင်ရင် ရပြီ"

၅နှစ်အရွယ်မှာ သူ့ဖခင်ရုတ်တရက် ကွယ်လွန်သွားခဲ့တယ်။ ဘာအမွေမှ ချန်မထားခဲ့လို့ မိခင် အလုပ်ထွက်လုပ်ရတယ်။ ငယ်စဉ်ကတည်းက အိမ်မှာနေပြီး မောင်နှမတွေကို သူပြုစုစောင့်ရှောက်ခဲ့ရတယ်။ ချက်ပြုတ်ကျွေးမွေးခဲ့ရတယ်။

၁၂နှစ်အရွယ်မှာ မိခင် နောက်အိမ်ထောင်ပြုတယ်။ ပထွေးက သူ့အပေါ်တင်းကြပ်ပြီး မိခင်ကွယ်ရာမှာ ရိုက်နှက်တတ်တယ်။

၁၄နှစ်အရွယ်မှာ ကျောင်းထွက်ပြီး လေလွင့်တဲ့ဘဝကို သူစတင်ခဲ့တယ်။

၁၆နှစ်အရွယ်မှာ အသက်လိမ်ပြီး သူစစ်ထဲဝင်ခဲ့တယ်။ သဘောင်္မကြာခဏ မူးတဲ့အတွက် ပြန်ပို့ခံလိုက်ရတယ်။

၁၈နှစ်အရွယ်မှာ အိမ်ထောင်ပြုတယ်။ ဒါပေမယ့် မကြာပါဘူး... သူပိုင်ဆိုင်သမျှကို ဇနီးက ရောင်းစားပြီး မိဘအိမ်ပြန်ပြေးခဲ့တယ်။

ဘယ်လိုတုန့်ပြန်မှာလဲ ?

အင်တာနက်ကဖတ်ဖူးတာလေးကို သဘောကျလို့ပြန်လည်ဝေမျှလိုက်ပါတယ်...။

အမျိုးသားကြီးတစ်ဦးဟာ သူ့ရဲ့ကျောင်းသားဟောင်းများတွေ့ဆုံပွဲမှာ ၀တ်ဖို့ ဘောင်းဘီရှည်တစ်ထည် ၀ယ်လာခဲ့သတဲ့။ အိမ်ပြန်ရောက်လို့ စမ်းပြီးလည်းဝတ်ကြည့်ရော သူဝယ်ခဲ့တဲ့ ဘောင်းဘီအသစ်က ၁၀စင်တီမီတာ ပိုရှည်နေတာကိုတွေ့ရပါတယ်။

အဲဒါနဲ့ပဲ သူ့မိခင်ဆီကိုသွားပြီး သူ့ဘောင်းဘီကို ၁၀စင်တီမီတာ တိုပေးဖို့သွားအကူအညီတောင်းတာပေါ့။ အဲဒီမှာ သူ့ရဲ့မိခင်က ဒီနေ့တော့ အမေ နေထိုင်လို့ သိပ်မကောင်းလို့ စောစောအနားယူမှာမို့လို့ လုပ်ပေးနိုင်မှာမဟုတ်ကြောင်းကိုပြောပါတယ်။

အဲဒါနဲ့ပဲ အဲဒီအမျိုးသားဟာ သူ့ရဲ့ဇနီးကိုချဉ်းကပ်ပြန်ပါသတဲ့။ အဲဒီမှာ သူ့ဇနီးကလဲ ဒီညကတော့ သူမ လုပ်စရာအလုပ်အများကြီး ရှိနေတာကြောင့် ဒီညလုပ်ပေးဖို့ အဆင်မပြေနိုင်ကြောင်း ပြောလိုက်ပြန်ပါတယ်။

ဒီလိုနဲ့ သူ့ရဲ့သမီးကိုမေးကြည့်တော့လည်း သူ့သမီးက ဒီနေ့ညတော့ သူမရဲ့ချစ်သူနဲ့ကပွဲသွားဖို့ချိန်းထားပြီးသားဖြစ်လို့ ဒီနေ့ အိမ်ပြန်နောက်ကျမှာမို့လို့ ဒီညတော့ လုပ်ပေးနိုင်မယ်မထင်ကြောင်းပြောပါတယ်။

ငွေစက္ကူလေးများမှ ရုပ်ပုံ၊ ရှုခင်းများ

ဒီပုံလေးတွေက Facebook ကနေတွေ့လို့ ဒေါင်းထားတာလေးတွေပါ... ကိုယ်တိုင်မရောက်ဖူးတဲ့နေရာတွေ ရှိကြပေမယ့် ကမ္ဘာအနှံ့သုံးစွဲနေတဲ့ ပိုက်ဆံတွေပေါ်က ရှုခင်းလေးတွေကိုတော့ မြင်ဖူးကြအောင်ပေါ့ဗျာ...။


Romantic အဆန်ဆုံးနေရာ နေရာဒေသများ

International news for myanmar က ပုံလေးတွေပါ... သဘောကျလို့ Share လိုက်ပါတယ်...။


ဘုရားကိုပူဇော်တဲ့သီချင်းများက အပြစ်ဖြစ်ပါသလား

ကျွန်တော်မှတ်သားခဲ့ဖူးတာလေးပါ...။

ဘုရားကိုပူဇော်တဲ့သီချင်းများက အပြစ်ဖြစ်ပါသလား ?
ဒီအမေးနဲ့ပတ်သက်ပြီး ဓမ္မဂီတ ၊ ဂီတဓမ္မ ဆိုပြီး နှစ်မျိုးရှိတယ်။ ဓမ္မဂီတဆိုတာက တရားကို သီချင်းလုပ်ပြီးဆိုတာဖြစ်တယ်။ ဆိုလိုတာ က တရားကို အသံတို၊အသံရှည်၊ အချီ၊အချ၊ အနိမ့်၊အမြင့်တွေနဲ့ သီချင်းသီဆိုသလိုဆိုပြီး တရားဟောတာပါ။ တကယ်ကတရားနာတယ်ဆိုတာ သံဝေဂရအောင် မသိတာတွေသိအောင်ဆိုပြီးတရားနာတာဖြစ်တယ်။ တရားဟောတဲ့သူက သီချင်းဆိုသလို ဟောနေရင် နာတဲ့သူမှာ တရားအနက်သဘောမထင်တော့၊ အသံနောက်လိုက်ကာ သံဝေဂမရတဲ့အပြင် တဏှာဖက်တောင်ကူးသွားနိုင်ပါတယ်။ ဒါကြောင့် “ဓမ္မဂီတ” တရားကိုသီချင်းဆိုသလို ဟောတဲ့သူကလဲ မဟောသင့်သလို နာတဲ့သူကလဲ မနာသင့်ပါဘူး။ ဓမ္မဂီတ ဖြင့် အသံရှည်ဆွဲဟောပြောမှုကို လူဓမ္မကထိကများလဲ မဟောသင့်ဘူး လို့ ယူဆမိပါတယ်။ ဘာ့ကြောင့်ဆိုရင် တရားကို တရားလိုပဲ ဟောရင်အကောင်းဆုံးမို့လို့ပါပဲ။ ယနေ့ခေတ် ဓမ္မစကြာသုတ်တော်ကို ရွတ်ဖတ်ပူဇော်တဲ့နေရာမှာ အသံအရှည်ကြီးမဆွဲဘဲ၊ သာယာနာပျော်ဘွယ်ဖြစ်အောင် ပုံမှန်လေးရွတ်ဖတ်ပူဇော်က ပိုကောင်းပါ လိမ့်မယ်။
နောက်တစ်ခုက “ဂီတဓမ္မ”…၊ ဒါက သံဝေဂနဲ့စပ်ယှဉ်ပြီး ဆိုလွယ်၊ရွတ်လွယ်အောင် စပ်ဆိုထားတဲ့ သမ္ဗုဒ္ဓေ၊ အောင်ခြင်းရှစ်ပါး စတဲ့ တေးသီချင်းမျိုးတွေပါ။ ဒီသီချင်းမျိုးတွေကို ကြားရတဲ့အခါ သံဝေဂတရား၊ ဥာဏ်တရားတွေ ဖြစ်ပွားစေနိုင်တဲ့အတွက် လူတွေအနေနဲ့ ထိုသီချင်းမျိုး ကို သီဆိုနိုင်သလို နားလဲနားထောင်နိုင်တယ်။အစမှာတော့ သီချင်းကို နားထောင်ကောင်းကောင်းနဲ့ နားထောင်နေတယ်ဆိုပေမဲ့ နောက်တော့ တရားနဲ့ပတ်သက်တဲ့အရာကို နားထောင်ရတော့ သံဝေဂတွေရနိုင်ပါတယ်။
အရေးကြီးတာက ဓမ္မဂီတနဲ့ ဂီတဓမ္မကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ ဘုန်းကြီးများမှာတော့ ဓမ္မဂီတနဲ့ဂီတဓမ္မ နှစ်မျိုးစလုံးနဲ့ မသင့်တော် ပါဘူး။ ဒီလောက်ဆိုရင်သဘောပေါက်လောက်ပါပြီ။

(ဗုဒ္ဓဓမ္မပြဿနာပေါင်းချုပ်၊ အရှင်ပညာဇောတ)

အဖြစ်များသော ကျန်းမာရေးပြဿနာများနှင့် ဖြေရှင်းနည်းများ

ကျန်းမာရေးအတွက် သုတလေးပါ...။ 

သမ်းခြင်း

သင့်ခန္ဓာကိုယ်ဟာ အောက်ဆီဂျင် နည်းလာတဲ့အခါ သင့်ပါးစပ်ကို ကျယ်ကျယ်ဖွင့်စေပြီး လေတွေကို ပိုများများစုပ်ယူဖို့ ကြိုးစားပါတယ်။ ဒါကိုသမ်းတယ်လို့ သိထားကြပါတယ်။ သမ်းတာဟာ သင့်ရဲ့ သွေးထဲမှာရှိတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်နဲ့ အောက်ဆီဂျင်တွေရဲ့ ပမာဏကို ထိန်းညှိပေးတဲ့ နည်းလမ်းတစ်ခုပါ။ ကံမကောင်းစွာပဲ လူကြားထဲမှာ သမ်းချင်တဲ့အခါ ထိန်းချုပ်အောင့်အည်းလို့ မရပါဘူး။


ယားယံခြင်း

အရေပြားဟာ ပတ်ဝန်းကျင်နဲ့ ဆက်စပ်ပြီးဖြစ်တဲ့ ခြောက်သွေ့မှုကြောင့် မကြာခဏယားယံနိုင်ပါတယ်။ ဆပ်ပြာနဲ့ ရေသုံးပြီး အလွန်အကျွံ ဆေးကြောခြင်းကလည်း အရေပြားက သဘာဝအဆီတွေကို ဖယ်ရှားပစ်တဲ့အတွက် အစိုဓာတ်ခန်းခြောက်လာကာ ယားယံစေပါတယ်။ အရေပြားခြောက်သွေ့မှုကြောင့် ယားယံခြင်းကို ထိန်းချုပ်ဖို့အတွက် မျက်နှာနဲ့ ခန္ဓာကိုယ်မှာ လိုးရှင်းလိမ်းပေးနိုင်ပါတယ်။ ဒါ့အပြင် ဆပ်ပြာတွေနဲ့ ကိုယ်တိုက်
ဆပ်ပြာရည်ဝယ်တဲ့အခါ အစိုဓာတ် ထိန်းပေးတယ် (Moisturizing) စာတန်းပါတာကို ရွေးဝယ်ပါ။ ဒါပေမယ့် သင့်မှာ ယားယံနေတဲ့အကွက်တွေ ရှိနေသေးရင်တော့ ဓာတုပစ္စည်း၊ အပင်၊ အစားအစာ၊ တိရစ္ဆာန် ဒါမှမဟုတ် ဆေးဝါးတွေကို ဓာတ်မတည့်တုံ့ပြန်မှုကြောင့် ဖြစ်နိုင်ပါတယ်။ ယားယံတာက မပျောက်နိုင်ရင်တော့ ဆရာဝန်နဲ့ ပြပါ။

နှစ်ပတ်လည်ရတုများ

အထိမ်းအမှတ် နှစ်ပတ်လည်ရတုများအကြောင်းကို သိသလောက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်...။

၁။   (၁)  နှစ်မြောက်     = စက္ကူ ရတု
၂။   (၂)  နှစ်မြောက်     = ဂွမ်း ရတု
၃။   (၃)  နှစ်မြောက်     = သားရေ ရတု
၎။   (၄)  နှစ်မြောက်     = ပိုး ရတု
၅။   (၅)  နှစ်မြောက်     = သစ်သား ရတု
၆။   (၆)  နှစ်မြောက်     = သကြား ရတု
၇။   (၇)  နှစ်မြောက်     = သက္ကလပ် ရတု
၈။   (၈)  နှစ်မြောက်     = ကြေး ရတု
၉။   (၉)  နှစ်မြောက်     = ဥဿဖရား ရတု
၁၀။ (၁၀)နှစ်မြောက်     = သံဖြူ ရတု
၁၁။ (၁၁)နှစ်မြောက်     = သံမဏိ ရတု
၁၂။ (၁၂)နှစ်မြောက်     = ချည် ရတု
၁၃။ (၁၃)နှစ်မြောက်     = ဇာပန်း ရတု
၁၄။ (၁၄)နှစ်မြောက်     = ဆင်စွယ် ရတု
၁၅။ (၁၅)နှစ်မြောက်     = သလင်း ရတု
၁၆။ (၂၀)နှစ်မြောက်     = ကြွေ ရတု
၁၇။ (၂၅)နှစ်မြောက်     = ငွေ ရတု
၁၈။ (၃၀)နှစ်မြောက်     = ပုလဲ ရတု
၁၉။ (၃၅)နှစ်မြောက်     = ကျောက်စိမ်း ရတု
၂၀။ (၄၀)နှစ်မြောက်     =ပတ္တမြား ရတု
၂၁။ (၄၅)နှစ်မြောက်     = နီလာ ရတု
၂၂။ (၅၀)နှစ်မြောက်     = ရွှေ ရတု
၂၃။ (၅၅)နှစ်မြောက်     = မြ ရတု
၂၄။ (၆၀)နှစ်မြောက်     = စိန် ရတု
၂၅။ (၇၅)နှစ်မြောက်     = ဒုတိယစိန် ရတု
၂၆။ (၉၀)နှစ်မြောက်     = န၀ရတ် ရတု

တိုက်တန်းနစ်နောက်ကွယ်တွင်...

အရင်ကနာမည်ကြီးခဲ့တဲ့ TITANIC သင်္ဘောကြီးနစ်မြုပ်ခြင်းမှာ လူသိနည်းတဲ့ နောက်ကွယ်ကအကြောင်းရင်းလေးတွေပါ...။

၂၀ရာစုနှစ်စောပိုင်းမှာဖြစ်ပွားခဲ့တဲ့ အရမ်းကိုကျော်ကြားတဲ့အမှုအခင်းတစ်ခုကို ပြန်လည်ဆန်းစစ်ကြည့်ဖို့ တလောက စိတ်ကူးပေါ်လာမိပါတယ်..။ ထိုအကြောင်းအရာကတော့ တိုက်တန်းနစ်ပါပဲ။ တိုက်တန်းနစ်သင်္ဘောကြီး ဘာကြောင့်မြုပ်နစ်သွားရတာလဲ။ ကမ္ဘာမှာအခမ်းနား အကြီးကျယ်ဆုံးဖြစ်တဲ့ ခရီးသည်တင်ယာဉ်သင်္ဘောကြီးတိုက်တန်းနစ်ဟာ ဘာအကြောင်းကြောင့် ပင်လယ်အောက်ကို ပထမဆုံးခရီးမှာတင် စုံးစုံးမြုပ်ခဲ့ရတာလဲဆိုတာကို သေသေချာချာဆန်းစစ်ကြည့်ကြပါစို့ ။

Thomas andrews ဟာ ဒီသင်္ဘောကြီးရဲ့ ဒီဇိုင်နာဖြစ်ပါတယ်..။၁၉၀၆ခုနှစ်မှာ ဒီသင်္ဘောကြီးကို စတင်တည်ဆောက်ခဲ့ပါတယ်။ အိုင်ယာလန်ပြည်နယ်ဆိပ်ကမ်းမှာပါ။ ၁၉၀၉ခုနှစ် မတ်လ၃၁ရက်မှာလုံးဝပြီးစီးသွားတဲ့ အတွက်ကြောင့် လူအင်အား၃၀၀၀ကျော်သုံးပြီး ၃နှစ်ကြာကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ထုထည်အရရော၊ အရည်အသွေးအရရော အရမ်းကိုကြီးမားကောင်းမွန်ပြီး အရမ်းကိုယုံကြည်စိတ်ချရတဲ့ သင်္ဘောတစ်ခုအဖြစ်မှတ်ယူထားပါတယ်။ သင်္ဘောကြီးကို အရည်အသွေးအကောင်းဆုံးစတီးတွေနှင့် ဆောက်လုပ်ထားတာဖြစ်ပြီး ထိုခေတ်ကဒေါ်လာ၇.၅သန်း (ယခုဒေါ်လာသန်း၁၀၀ကျော်)တန်ဖိုးရှိပါတယ် ။

ဒါဟာသမိုင်းကြောင်းကိုခေတ္တကြည့်ရှုတာပါ။ တိုက်တန်းနစ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာကြီးဖြတ်ပြီး လူ၁၅၀၀ကျော်ကို တင်ဆောင်ကာအိုင်ယာလန်မှ ကာလီဖိုးနီးယားပြည်နယ်ဘက်သို့ ၁၉၁၂ခုနှစ်ဧပြီ လဆန်းပိုင်းမှာ ထွက်ခွာလာခဲ့ပါတယ်။ အဆင့်မြင်တဲ့ဝန်ဆောင်မှု၊ ထုထည်နှင့် ကြီးကျယ်ခမ်းနားမှုတို့ဟာ လူဆင်းရဲတွေအတွက် နေရာမပေးခဲ့ပါဘူး။ လူကုံထံများနှင့် နိုင်ငံရေးဆိုင်ရာအကြီးအကဲများတို့ကို တင်ဆောင်ကာ ထွက်ခွာလာခဲ့ပါတယ်။ ခရီးသည်ဟာ သင်္ဘောနှင့်ပတ်သတ်ပြီး တစ်စုံတစ်ရာကိုမှ သံသယဆိုတာမျိုးမရှိဘဲ သူတို့ကိုယ်ပိုင်အခန်းထဲမှာ အရမ်းကိုဇိမ်ကျကျနဲ့ လိုက်ပါလာခဲ့ပါတယ်။

ကားလမ်းမပေါ်ဖြတ်၍ တည်ဆောက်ထားသော လေဆိပ်

ကားလမ်းမပေါ် ဖြတ်၍တည်ဆောက်ထားသော လေဆိပ် အမှန်တကယ်ရှိပါတယ်။ တည်နေရာကတော့ လစ်ဘရိန်းပင်နီဆူလ ကျွန်းရဲ့ တောင်ဘက်စွန်းမှာ ရှိသော ဗြိတိန်ပိုင် ကျွမ်းမြို့ တစ်ခုဖြစ်တဲ့ Gibraltar ကျွမ်းမှာ ဖြစ်ပါတယ်။ Gibraltar လို့ အမည်ရတဲ့ ယင်းလေဆိပ်ဟာ Gibraltar ကနေ စပိန်နိုင်ငံသို့ ဖောက်လုပ်ထားတဲ့ အဝေးပြေး လမ်းမပေါ် ဖြတ်ပြီး တည်ဆောက်ထားပါတယ်။

လေယာဉ်ပြေးလမ်း အသုံးပြုတော့မယ် (တစ်နည်း) လေယာဉ်ပျံ မိုးပေါ်ပျံ တက်တော့ မယ်ဆိုရင် ကားလမ်းမကြီးကို ယာယီပိတ်ထားရပါတယ်။ ယင်းလေဆိပ်ကို ဒုတိယ ကမ္ဘာစစ်ကာလ ၁၉၃၉ ခုနှစ်က ဗြိတိန်တော်ဝင်လေတပ်တို့ ကိုယ်တိုင်တည်ဆောက်ပြီး စတင်အသုံးပြုခဲ့ပါ တယ်။

ယခုချိန်အထိလည်း ဗြိတိန်တော်ဝင်လေတပ်မှ အသုံးပြုဆဲဖြစ်ပြီး ခရီးသည်ပို့ဆောင်ရေး အတွက်လည်း အသုံးပြုပါတယ်။

Gibraltar Airport ဟာ ကမ္ဘာပေါ်မှာ အဝေးပြေးလမ်းမပေါ်ဖြတ်ပြီး တည်ဆောက်တဲ့ တစ်ခုတည်းသော လေယာဉ်ကွင်း ဖြစ်တယ်လို့ သိရပါတယ်။

လက်ကိုင်ဖုန်းရဲ့ လူသိနည်းတဲ့ လျို့ဝှက်ချက်များ

ဒါလေးတွေက ဘာရယ်တော့မဟုတ်ဘူး... သိထားတော့ ကောင်းတာပေါ့ဗျာ...

ကျွန်တော်တို့သုံးနေကြတဲ့ လက်ကိုင်ဖုန်းဟာ အသက်ကယ် ပစ္စည်း သို့မဟုတ် ရှင်သန် ရုန်းကန် နိုင်ဖွယ်ရာ အရေးပေါ် အထောက်အကူ ပစ္စည်း ဖြစ်နိုင်ပါသေးသတဲ့။

(၁) အရေးပေါ် အတွက်

keypad ကို locked လုပ်ထားရင်တောင် သင့် လက်ကိုင်ဖုန်းများဟာ 112 ဆိုတဲ့ နံပါတ်ကို နှိပ်လို့ ရတာ တွေ့ရ ပါလိမ့်မယ်။ အဲဒီနံပါတ်ဟာ ကမ္ဘာလုံးဆိုင်ရာ ၊ နိုင်ငံတကာ အရေးပေါ် ဖုန်းနံပါတ် ဖြစ်ပါတယ်။ သင်သာ လက်ကိုင်ဖုန်း ဆက်သွယ်နိုင်တဲ့ ဧရိယာထဲမှာ ရှိနေပါစေ၊ ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ သင့်လက်ကိုင်ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ယက်ကို အလိုအလျောက် ရှာမှာ ဖြစ်ပါတယ်။ လက်ကိုင်ဖုန်းက ခလုတ်များကို ပိတ်ထားရင်တောင် ဒီနံပါတ်ကိုတော့ နှိပ်လို့ ရနေမှာ ဖြစ်ပါတယ်။ ယုံဘူးလား .. စမ်းကြည့်..


(၂) ကားထဲမှာ သော့တွေ ကျန်ခဲ့လား
သင့်ကားတံခါးမှာ အဝေးထိန်းစနစ် ရှိပါသလား။ တနေ့မှာ အဝေးထိန်း မဟုတ်ဘဲ လက်နဲ့ ဖွင့်ရမယ့် အနေ အထား ကြုံတတ်ပါတယ်။ ကားသော့ကို ကားထဲ ထည့်ခဲ့ပြီး အပိုသော့က အိမ်မှာ ကျန်ခဲ့ရင် လက်ကိုင်ဖုန်း တစ်လုံး ရှိရတာ ဒီလိုအခါ ကျတော့ ကောင်းလိုက်တာ။ အိမ်မှာ ကျန်ခဲ့တဲ့ လူရဲ့ လက်ကိုင်ဖုန်းကို သင့်လက်ကိုင်ဖုန်းကနေ ခေါ်ပါ။ တဖက်က ပြန်ထူးနေရင် သင့်လက်ကိုင်ဖုန်းကို ကားတံခါးကနေ ခြေတလှမ်းအကွာမှာ ထားပါ။ နောက်ပြီး အိမ်ကလူကို ကားသော့ဖွင့်တဲ့ ခလုတ်ကို လက်ကိုင်ဖုန်းနားကပ်ပြီး နှိပ်ခိုင်းပါ။ ဟဲဟဲ.. စမ်းကြည့်ရတာ စိတ်လှုပ်ရှားစရာ ပျော်စရာပဲ မဟုတ်လား။ ကျွန်မတို့ စမ်းကြည့်တာ အောင်မြင်တယ်ရှင့်။ အိမ်ကလူက လာပေးစာ မလိုတော့ဘူးပေါ့။ အကွာအဝေးက အရေး မဟုတ်ပါဘူး။ သော့အပိုက မိုင်တရာ အကွာမှာ ရှိနေပါစေ ခုနက နည်းနဲ့ သင့်ကား တံခါးကို အလွယ်တကူ ဖွင့်နိုင်တာ သင့်လက်ကိုင်ဖုန်းကြောင့်ပါ။

ဥပုသ်နဲ့ (Chatting)ချက်တင်ဝင်လို့ရပါသလား

ဒါလေးကလဲ ဒီခေတ်မှာ ဖြစ်တတ်ကြတယ်ဗျ... :D

အမေး။ ။အရှင်ဘုရား မနက်ဖြန် လပြည့်နေ့မှာ တပည့်တော် သတင်းသီလ စောင့်တည်လိုပါတယ်ဘုရား။သတင်းသီလ စောင့်တည်ပြီး လုပ်ငန်းခွင်ကို ရောက်တဲ့အခါ အင်တာနက်သုံးတာ ချက်တင်ဝင်တာ(Chatting) အပြစ်ရှိနိုင်ပါသလား အရှင်ဘုရား။ကရုဏရှေ့ထားပြီး ဖြေကြားပေးတော်မူပါ အရှင်မြတ်ဘုရား ။

အဖြေ။ ။ဥပုသ်သီလနဲ့ အင်တာနက်သုံးတာ ချက်တင်ဝင်တာ အပြစ်ရှိတယ်လို့ တစ်ထစ်ချကြီး ပြောလို့မရပါဘူး။ ယခုအခါ အင်တာနက်စာမျက် နှာများဟာ ဘာသာရေးသီးသန့်လဲ အများကြီးရှိသလို ဘာသာရေးမဟုတ်တဲ့ တစ်ခြားလူမှုရေးဆိုက်တွေ၊ စီးပွားရေးဆိုက်တွေလဲ အများကြီးပါ။ ထိုစာမျက်နှာများအနက် လူမှုရေးနဲ့ စီးပွားရေး အိမ်ထောင်ရေးစတဲ့ဆိုက်များကို ၀င်မယ်ဆိုရင်တော့ သီလကျိုးပေါက်ဖို့များပါတယ်။ ဘာသာရေးသက်သက်ရေးထားတဲ့ ၀က်ဘ်ဆိုက်တွေကို ၀င်ဖတ်တယ်ဆိုရင်ကုသိုလ်တောင်ရပါသေးတယ်။
နောက်တစ်ခုက (Chatting )ချက်တင်ဝင်တာနဲ့ပတ်သက်ပြီး ချက်တင်ဝင်တယ်ဆိုတာ အင်တာနက်ကနေ တစ်ဦးနဲ့တစ်ဦး စကားစမြည် ပြောကြတာပါ။ စကားပြောတဲ့နေရာမှာ တရားဆွေးနွေးရင်တော့ ကုသိုလ်ရတာပေါ့။ဒါပေမဲ့ ဟိုအကြောင်းဒီအကြောင်းတွေ ပြော နေရင်တော့ အဆင်မပြေဘူး။ တကယ်တော့ ဥပုသ်သီလစောင့်ပြီး ချက်တင်မ၀င်တာ အကောင်းဆုံးပါလို့ အကြံပေးပါရစေ….။

venkawwida.com မှပြန်လည်ဝေမျှသည်။

ပြဇာတ်မင်းသာလို တရားဟောသင့်ပါသလား

ကျွန်တော်ဖတ်ဖူးတာလေးကို ပြန်ဝေမျှပေးတာဖြစ်လို့ ဘယ်လိုမှသဘောမထားကြပါနဲ့ဗျာ... 

အမေး။ ။အရှင်ဘုရား…..MRTV,FOREDU တို့မှာ အချို့ဘုန်းကြီးများ တရားဟောတာနဲ့ပတ်သက်ပြီး တပည့်တော်ဝေဖန်မိပါတယ်ဘုရား။ အချို့ဘုန်းကြီးများဟာ ပြဇာတ်မင်းသားလို အသံရှည်ရှည် ဆွဲငင်ဟောတာတွေ့ရပါတယ်။ တပည့်တော် နားထောင်ရတာလဲ သီချင်းဆိုသလိုပါပဲ ဘုရား။ တပည့်တော်သိချင်တာက တရားဟောတဲ့အခါ အသံနေအသံထားနဲ့ ဆွဲငင်ဟောကြားတာဟာ ၀ိနည်း တော်နဲ့ညီညွတ်မှုရှိပါသလားဘုရား။

အဖြေ။ ။ တရားဟောတဲ့နေရာမှာ အသံရှည်ဖြင့် ဆွဲငင်ပြီး တရားမဟောကောင်းပါ။ ဘာကြောင့်လဲဆိုရင်..အသံရှည်ဆွဲငင်ဟောကြားတဲ့ အတွက် ဘုရားရှင်ရဲ့အလိုတော်နဲ့ဆန့်ကျင်နေတဲ့အပြင် အပြစ်ငါးပါး ဖြစ်လို့ပါပဲ။ အပြစ်ငါးပါးက…
(၁) မိမိအသံ၌ မိမိသာယာခြင်း။
(၂) တရားနာသူတို့က တရားကိုမမက်၊အသံကိုသာတပ်မက်ကြခြင်း။
(၃)ပညာရှိသူတို့က ကဲ့ရဲ့အပြစ်တင်မှုကို ခံရခြင်း။
(၄) အသံကောင်းအောင်လုံ့လပြုရသဖြင့် သမာဓိပျက်ရခြင်း။
(၅) နောက်နောက်ပုဂ္ဂိုလ်တို့ အတုလိုက်၍ ဟောကြားမှုတို့ကြောင့် သာသနာပျက်ကွယ်ရခြင်း တို့ဖြစ်ကြပါတယ်။

မေတ္တာဟူသည်...

ကျွန်တော်သဘောကျလို့ ဒေါင်းထားတဲ့ ကျွန်တော့်ကွန်ပျူတာထဲက ၆ မိနစ်စာဗီဒီယိုဖိုင်လေးကို တင်ပေးလိုက်ပါတယ်... ဒီဟာလေးက ဂျပန်လိုငလျင်ထူပြောတဲ့နိုင်ငံက ဖြစ်ရပ်မှန်တခုကို အခြေခံထားတယ်လို့ဆိုပါတယ်...။
ဒီဗီဒီယိုလေးက ၆ မိနစ်စာတိုတိုလေးပဲဖြစ်ပေမယ့် အစအဆုံးကြည့်လိုက်ရင် ရင်ထဲမှာတခုခုတော့ကျန်ခဲ့စေမှာပါ.. ခံစားတတ်သူများနဲ့ တိရစ္ဆာန်ချစ်တတ်သူများအတွက် ပိုပြီးရသမြောက်စေမှာပါ...
ကြည့်ရှုအားပေးကြည့်ကြပါဦး...။


ကွန်ပျူတာနှင့်ပတ်သက်ပြီး လူသိနည်းသော အကြောင်းအရာများ

ဒါလေးတွေက Facebook က International news for myanmar ကနေ ဖတ်မိတာလေးပါ.. ပြန်ပြီး Share ပေးလိုက်ပါတယ်...



ယနေ့ခေတ်တွင် ကွန်ပျူတာသည် လုပ်ငန်းသုံးရော၊ ဖျော်ဖြေရေးအတွက်ပါ လွန်စွာအသုံးတွင်ကျယ်လာသော စက်ပစ္စည်းတစ်မျိုးဖြစ်သည်။ ကွန်ပျူတာနှင့်ပက်သက်သော software များ၊ Hardware များ တွင်တွင်ကျယ်ကျယ် သိကြသော်လည်း လူသိနည်းသော ကွန်ပျူတာနှင့် ပက်သက်သည့် အကြောင်းအရာ အချို့ရှိပါသည်။

၁။ တစ်လလျှင် ကွန်ပျူတာ ဗိုင်းရက်စ် (Virus) ၆၀၀၀ ဝန်းကျင် ထွက်ရှိလျက်ရှိသည်။

၂။ ကွန်ပျူတာသုံး မော့စ် (mouse) ကို စတင်တီထွင်ခဲ့သူမှာ Doug Engelbart ဖြစ်ပြီး ၁၉၆၄ ခုနှစ်က ဖြစ်ရာ သစ်သားဖြင့် ဖန်တီးခဲ့သည်။

၃။ ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာ ဗိုင်းရက်စ် ကို ၁၉၈၆ ခုနှစ်က Farooq Alvi ညီအစ်ကိုတို့ စတင်တီထွင်ခဲ့ခြင်း ဖြစ်ပြီး a bood sector virus ဖြစ်သည်။ တီထွင်ခြင်း၏ ရည်ရွယ်ချက်မှာ ၄င်းတို့၏ သုတေသနလုပ်ငန်း များကို ကာကွယ်ရန်ဖြစ်သည်။

၎။ သာမန်လူတစ်ဦးသည် တစ်မိနစ်လျှင် မျက်တောင် အခါ နှစ်ဆယ် ခတ်သော်လည်း ကွန်ပျူတာသုံးသော အခါ တစ်မိနစ်လျှင် ၇ ကြိမ်သာ မျက်တောင်ခတ်သည်။

ကမ္ဘာ့အလှဆုံး ပန်းခြင်းများရဲ့ ဥယျာဉ်

သိပ်ကိုလှပ ခမ်းနားတဲ့ ပန်းခြံကြီးတစ်ခုထဲ အလည်သွားကြည့်ကြပါစို့ ။ အဲဒီ ပန်းဥယျာဉ်ကြီးကတော့ ကန္တာရထဲက အိုအေစစ်လို့ ပြောလို့ရလောက်အောင်ဘဲ ပူပြင်းခြောက်သွေ့လှတဲ့ UAE နိုင်ငံရဲ့ ရာသီဥတုကို အံတုပြီး ပန်းမျိုးစုံလင်စွာ လန်းဆန်းပွင့်ဝေနေအောင် အထူးပြင်ဆင်ထားတဲ့ Al Ain Paradise အမည်ရ ပန်းဥယျာဉ်ကြီးပါ။ Akar မြေယာရှုခင်း ပြုပြင်အလှဆင်ရေးလုပ်ငန်းက တာဝန်ယူကာ အလှဆင်နေခဲ့တာဖြစ်ပြီး ယခင်ကတော့ စတုရန်းပေ ၇၀၀၀ခန့်သာ ကျယ်ဝန်းသော်လည်း ခုချိန်မှာတော့ စတုရန်းမီတာ ၂၁၀၀၀ အထိကျယ်ဝန်းလာပြီ ဖြစ်ပါတယ်။ ပန်းဥယျာဉ်ကြီးထဲမှာ လျှောက်လမ်းများ၊ ကော်ရစ်ဒါများဟာ အရှည် စုစုပေါင်း ၂၄၀၀ မီတာခန့် လှပခမ်းနားစွာ ရှိနေပါတယ်။

ကမ္ဘာ့ ပညာတတ်အများဆုံး ၁၀ နိုင်ငံ

ဒါလေးကတော့ မောက္ခပညာရေးမဂ္ဂဇင်းဆိုက်လေးက ဖော်ပြထားတာလေးကို ပြန်လည်ကူးယူဝေမျှလိုက်တာပါ...
နောင်တစ်ချိန်ကျရင် ကျွန်တော်တို့နိုင်ငံလဲ ဒီစာရင်းတွေထဲ ပါလာနိုင်ပါစေလို့ ဆုတောင်းရမှာပဲဗျို့...

ဖွံ့ဖြိုးပြီးနိုင်ငံများတွင် လွန်ခဲ့သောနှစ် ၅၀ ထက် တက္ကသိုလ်ဘွဲ့ရဦးရေ ၂၀၀ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့ကြောင်း OECD ၏ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။ အချို့သောနိုင်ငံများတွင် ဘွဲ့ရပညာတတ် ဦးရေ တိုးတက်လာသော်လည်း အချို့သောနိုင်ငံများတွင် သိသိသာသာ တိုးတက်လာခြင်းမရှိချေ။ ဝေါစတရိ ဂျာနယ်၏ ထုတ်ပြန်ချက်တွင် ဖွံ့ဖြိုးပြီး နိုင်ငံများတွင်သာ ဘွဲ့ရဦးရေ အများဆုံး ဖြစ်ကြောင်း တင်ပြခဲ့သည်။
ပညာတတ် အများဆုးံးသော ပြည်သူများမှာ ကမ္ဘာပေါ်တွင် အချမ်းသာဆုံးသူများဖြစ်ကြသည်။ အမေရိကန် ပြည်ထောင်စု၊ ဂျပန်၊ ကနေဒါတို့သည် ပြည်တွင်း အသားတင် ထုတ်လုပ်မှုတွင် အမြင့်ဆုံးနိုင်ငံများဖြစ် ပြီး နော်ဝေ၊ သြစတြေလျ တို့သည် ဒုတိယလိုက်သည်။ ဖွံ့ဖြိုးပြီး နိုင်ငံများသည် ပညာရေး ကဏ္ဍတွင်ရင်းနှီးမြှုတ်နှုံမှု အများဆုံး နိုင်ငံများဖြစ်သည်။ ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံများမှ ပြည်သူများမှာ ပညာတတ်လူဦးရေ အများဆုံးဖြစ်သည်။

၁၀။ ဖင်လန်
အလယ်တန်းအဆင့် အောင်မြင်ပြီးသူ ၃၇ ရာခိုင်နှုန်း
စီးပွားရေးဖွံ့ဖြိုးမှုနှုန်း (၁၉၉၉-၂၀၀၉) ၁.၈ ရာခိုင်နှုန်း ( တတိယ အနိမ့်ဆုံး)
တဦးချင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှု ဒေါ်လာ ၃၆ ၅၈၅ ( အမြင့်ဆုံး အမှတ်စဉ် ၁၄)
လူဦရေ ပြောင်းလဲမှု (၂၀၀၀-၂၀၀၉)း ၃.၁၅ ရာခိုင်နှုန်း ( အနိမ့်ဆုံး အမှတ် ၁၀)
ဖင်လန်နိုင်ငံသည် အခြားသော OECD နိုင်ငံများနှင့်နှိုင်းယှဉ်ပါက သေးငယ်သောနိုင်ငံဖြစ်သည်။ ၁၉၉၉-၂၀၀၉ ခုနှစ်အတွင်း ကောလိပ်ဘွဲ့ရ တနှစ်လျင် ၁.၈ ရာခိုင်နှုန်းတိုးလျက်ရှိသည်။ ဖင်လန်နိုင်ငံတွင် လူမှုရေးသိပ္ပံ၊ စီးပွားရေးဘာသာရပ်နှင့် ဥပဒေတို့မှာ လူကြိုက်မများသော ဘာသာရပ်များဖြစ်ပြီး၊ ကောလိပ်ကျောင်းသား အများစုမှာ အင်ဂျင်နီယာ ဘာသာရပ်၊ ထုတ်လုပ်ရေးဆိုင်ရာ ဘာသာရပ်နှင့် ဆောက်လုပ်ရေးဆိုင်ရာ ဘာသာရပ်တို့မှာ လူကြိုက်များသော ဘာသာရပ်များဖြစ်သည်။

ဟိုးအရင်က ရန်ကုန်

ဒီပုံလေးတွေကိုတော့ Facebook ကနေ ရတာပါ.. ဟိုးအရင်ရန်ကုန်မြို့ကနေရာလေးတွေရဲ့ မြင်ကွင်းလေးတွေပေါ့...။
မူရင်းပိုင်ရှင် သေချာမသိတော့လို့ ခွင့်မတောင်းဘဲ Share မိတာ တောင်းပန်ပါတယ်.. အားလုံးကိုလဲ မြင်ဖူးစေချင်တဲ့ဆန္ဒကြောင့်ပါ...။

ပြည်နယ်နှင့်တိုင်း ၁၄ ခု၏ အလံများ

ဒါလေးတွေကလဲ သိထားသင့်တယ်ထင်လို့ ပြန်ဝေမျှလိုက်ပါတယ်...။

ကချင်
 

ကယား

ရူးဖိနပ်ကြိုးထိုးနည်းအမျိုးမျိုး

ကျွန်တော်ကိုယ်တိုင်တော့ နည်းအကုန်လိုက်စမ်းပြီး မစီးကြည့်ဖူးပါဘူး.. အလုပ်ရှုပ်လို့.. :D
အဆန်းထွင်ချင်သူများ စမ်းကြည့်ကြပေါ့ဗျာ...။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေး ၁၀၀ ကျော်ကို ခွဲစိတ်ပေးမည်

ဒါလေးက သတင်းကောင်းလေးမို့လို့ ပြန်လည်ဝေမျှပေးလိုက်တာပါ.. မြန်မာတိုင်းမ်မှာ ဖေါ်ပြထားပါတယ်...

မြန်မာ-စင်ကာပူ ချစ်ကြည်မှု ကျန်းမာရေးစီမံချက် ၂၀၁၂ အဖြစ် မြန်မာနိုင်ငံရှိ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ဝေဒနာရှင် ကလေးများအား ဖေဖော်ဝါရီလ ၁၉ ရက် မှ ၂၅ ရက်နေ့အထိ မန္တလေး ပြည်သူ့ ဆေးရုံကြီးတွင် အခမဲ့ ခွဲစိတ်ကုသပေး သွားမည် ဖြစ်သည်။

အဆိုပါ စီမံချက်ကို စင်ကာပူနိုင်ငံရှိ Operation Smile အဖွဲ့နှင့် မြန်မာ ဘရူဝါရီလီမိတက်၏ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေ သည့် ကရုဏာရှေးရှု မြန်မာမှုအစီအစဉ်တို့ ဒုတိယအကြိမ် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး မျက်နှာ ပုံပန်းမကျဖြစ်နေသည့် ကလေး အယောက် ၁၀၀ ကျော်အား ခွဲစိတ်ကုသ ပေးသွားမည်ဟု မြန်မာဘရူဝါရီမှ ဒုတိယမန်နေဂျင်းဒါရိုက်တာ ဦးမောင် မောင်စိန်က ပြောသည်။

Operation Smile အဖွဲ့တွင် စင်ကာပူ၊ ဩစတြေးလျ၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်၊ ဥဇဘက်ကစ္စတန်၊ မလေးရှားနှင့် အင်္ဂလန်နိုင်ငံ တို့မှ စေတနာရှင် ဆရာဝန်များနှင့် သူနာပြုများ စုစုပေါင်း ၃၈ ဦး လာရောက်မည်ဖြစ်ပြီး ကျန်းမာ ရေးဝန်ကြီးဌာနက ကူညီမည်ဖြစ်သည်။

"ကျွန်တော်တို့ မနှစ်ကရတဲ့ အတွေ့ အကြုံအရ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးတွေက ခွဲစိတ်ပြီးလို့ မှန်ကြည့်တဲ့ အခါမှာ ဒါ သူတို့ပုံမဟုတ်ဘူးဆိုပြီး ငိုကြတယ်။ နောက်မှ ဒါ သူ့ပုံပါလားဆိုတာ မှတ်မိသွားတဲ့အချိန်မှာ သူစပြုံးတယ်။ အဲဒီ ပထမဆုံး အပြုံး လေးက တော်တော် ပီတိဖြစ်စရာကောင်းပါတယ်"ဟု မြန်မာ ဘရူဝါရီမှ ကူးသန်းရောင်းဝယ်ရေးဌာန ဒါရိုက်တာ ဦးမြင့်ဇော်က ပြောသည်။

ခွဲစိတ်ကုသမှုခံယူလိုသူ ဝေဒနာရှင်များသည် မြန်မာဘရူဝါရီလီမိတက် ဖုန်း - ၀၉-၄၃၀၁၃၅၀၂ ၊ ၀၉ - ၄၃၀၁၃၁၅၀ သို့ ဆက်သွယ် စာရင်းပေးနိုင်ပြီး လူနာများအတွက် လမ်းခရီးစီစဉ်ပေးခြင်းနှင့် ကုသမှုခံယူနေစဉ် နေရေးထိုင်ရေး၊ စားရေးသောက်ရေးကိုပါ စီစဉ်ပေးသွားမည် ဖြစ်သည်။

အမျိုးသမီးတိုင်းရှိသင့်သော ဖိနပ်လေးရံ

ဒါလေးက အမျိုးသမီးတွေအတွက်ပါ... 

ဖိနပ်ဆိုတာ အမျိုးသမီးတွေရဲ့ သည်းခြေကြိုက်ပါပဲ။ ဖိနပ်လှလှလေးတွေတွေ့တိုင်း ဝယ်ပြီးသိမ်းထားလိုကြပါတယ်။ လှပပြီး ပုံစံဆန်းရင်းသာ ဝယ်ထားတတ် ကြတာကြောင့် ဖိနပ်တွေများပေမယ့် တကယ့်အသုံးလိုတဲ့ ဖိနပ်တွေမရှိ ဖြစ်နေတတ်ပါတယ်။ ကြိုက်လွန်းလို့သာ ဝယ်ထားပေမယ့် အရမ်းပြောင်လက် တောက်ပရင် အပြင်စီးရမှာ နှမြောတာတို့၊ အရမ်းပုံဆန်းရင် အဝတ်အစားနဲ့မလိုက် ဖြစ်နေတာတို့ဖြစ်ပြီး တကယ်မစီးဖြစ်ဘဲ ဗီရိုထဲမှာ အလှကြည့်သိမ်းထားရုံ သက်သက် ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် တကယ်လိုအပ်တဲ့ ဖိနပ်လေးရံကို အကြံပေးလိုက်ပါတယ်။

ကတ္တီပါ ညှပ်ဖိနပ်
မြန်မာမိန်းကလေးတွေအတွက် ကတ္တီပါဖိနပ်တစ်ရံကတော့ မရှိမဖြစ် လိုအပ်ပါတယ်။ မြန်မာ့ရိုးရာထဘီနဲ့ အလိုက်ဖက်ဆုံးက ကတ္တီပါညှပ် ဖိနပ်ပါပဲ။

ကွယ်ပျောက်လုနီးပါးဖြစ်နေသည့် မြန်မာတို့ရဲ့ ချစ်စရာအချိန်အခေါ်အဝေါ်များ

ကျွန်တော်လဲ အစကအစုံမသိပါဘူး.. ဒါလေးဖတ်ပြီးသွားတော့မှ သေချာမှတ်သားမိသွားပါတယ်...။

၁=ရောင်နီပေါ်------နံနက်..............၄း၃၀

၂=အာရုဏ်တက်---နံနက်.............၅း၀၀

၃=ဝေလီဝေလင်း---နံက်.............၅း၁၀

၎=ကျီးမနိုး/တနိုး--နံက်.............၅း၂၀

၅=လင်းအားကြီး---နံနက်..............၅း၃၀

၆=နေထွက်တမြူ---နံနက်.............၅း၄၀

၇=မိုးစင်စင်လင်း---နံနက်..............၆း၀၀

၈=နေထန်းတဖျား--နံနက်...............၉း၀၀

၉=ဆွမ်းခံပြန်ချိန်---နံနက်................၉း၃၀

၁၀=ဆွမ်းစားချိန်---နံနက်.................၁၀း၃၀

၁၁=နေမွန်းလတ်---နံနက်..................၁၁း၀၀

၁၂=နေမွန်းတဲ့------နံနက်.................၁၂း၀၀

၁၃=နေမွန်းလွဲ-----နေ့လည်................၁၃း၀၀

၁၄=ညနေစောင်း---ညနေ...................၁၅း၃၀

၁၅=ညနေအေး-----ညနေ...................၁၆း၃၀

၁၆=နေ၀င်ဆည်းဆာ--ညနေ.................၁၇း၀၀

၁၇=နေ၀င်ဖျိုးဖျ-------ညနေ..................၁၇း၂၀

၁၈=နွားရိုင်းသွင်းချိန်----ညနေ...............၁၇း၄၀

၁၉=ညီအကိုမသိတသိ---ညနေ...............၁၇း၅၀

၂၀=နေ၀င်မိုးချုပ်(ညနေ)---ညနေ..............၁၈း၀၀

၂၁=ညချမ်း(ညနေ)----ညနေ....................၁၈း၃၀

၂၂=သူငယ်အိပ်ချိန်----ည........................၁၉း၃၀

၂၃=သက်ကြီးခေါင်းချချိန်---ည..................၂၁း၃၀

၂၄=ညဦးကြက်တွန်ချိန်-----ည..................၂၂း၃၀

၂၅=သန်းခေါင်ကြက်တွန်ချိန်---ည..............၂၄း၀၀

၂၆=ကြက်အမြီးထောင်ချိန်-----ည...............၀၀း၀၀

၂၇=ကြက်ဦးတွန်ချိန်-----------နံနက်.............၃း၃၀

၂၈=လင်းကြက်တွန်ချိန်----------နံနက်.............၄း၀၀

အောင်မြေနှင့်ပတ်သက်၍

ဒါလေးက အရှင်ဆန်နီနေမင်းဆိုက်က ဖတ်ဖူးတာလေးပါ...။ ပြန်လည်ဝေမျှပေးလိုက်ပါတယ်...။

ဦးဇင်းဘုရား တပည့်တော် မေးလျှောက်စရာလေး ရှိပါတယ်ဘုရား။ ဘုရားစေတီ တွေမှာ အောင်မြေဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စပါဘုရား။ အဲဒါ ဘုရားဟော ပိဋကတ်တော်တွေမှာ ပါ/မပါ သိပါရစေဘုရား။ အကျိုးထူးကွာခြားမှုလည်း သိချင်ပါတယ် ဘုရား။ ဦးဇင်း အချိန်ရရင် ပို့ရေးတင်ပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဦးဇင်းဘုရား။

အင်း ဘုရားဟောထဲမှာတော့ ဦးဇင်းသိသလောက် အောင်မြေနေရာ သီးသန့်ဌာနတစ်ခုအဖြစ် ဟောကြားထားတာ မတွေ့ဖူးပါ။

အချို့ဘုရားအပေါ် မိန်းမ မတက်ရ

ကျွန်တော်လဲအဲဒါနဲ့ပတ်သက်ပြီး သိပ်တော့မသိပါဘူး.. ဒါပေမယ့် ဖတ်ဖူးတာလေးတင်ပေးတာပါ...။

ဘုရားဆိုလို့ ကျိုက်ထီးရိုးဘုရားမှာလဲ တံတားလေးကနေ စေတီတော်ဘက်သို့ မသွားရတာကတော့ စေတီတော်ရဲ့ဝန်းကျင်က ကျဉ်းတယ်။ အကာအရံလဲမရှိတဲ့အတွက် အားငယ်ပြီးကြောက်တတ်တဲ့ အမျိုးသမီးများနဲ့မသင့်လျော်ဘူး၊ မူးမော်ပြီး လိမ့်ကျမှစိုးတဲ့အတွက် အန္တရာယ်များလှတဲ့ အတွက်ကြောင့် တားမြစ်ထားတာဖြစ်တယ်၊ အမျိုးသမီးများစေတီတော်ရင်ပြင်နားအထိ လာရောက်ရှိခိုးတာကို နတ်များက မကြိုက်လို့ တားမြစ်တာ မဟုတ်ပါဘူးလို့ ၁၂၇၇ ခုနှစ်က ကျိုက်ထီးရိုးစေတီတော်မှာ အုပ်ချူပ်တဲ့ ဆရာတော်ဦးအာဒိစ္စက ပြောပါတယ်။
ဒါဆိုရင် သတ္တိရှိတဲ့ အမျိုးသမီးများက စေတီတော်အနီးအထိသွားမယ်ဆိုရင် သွားရောက်ဖူးမျှော်နိုင်ပါတယ်။
တကယ်တော့ အမျိုးသမီးများမတက်ရ၊ ဘုရားနားအထိမသွားကောင်းဘူးဆိုတဲ့ ဒိဋ္ဌိဆန်ဆန် အယူသည်းနေတဲ့ သမိုင်းဆရာကြီးတစ် ချို့ရဲ့ သမိုင်းစာမျက်နှာအမှားတွေပါ။ အမှားကြာတော့ အမှန်ဖြစ်ဆိုတာလို အခုတော့ ဘုရားပေါ်အထိ အမျိုးသမီးများ မသွားဝံ့တဲ့အထိ ဖြစ်ကုန်ကြပါတယ်။ လောကမှာ ဘယ်သူမဆို ကောင်းမှုကုသိုလ်လုပ်ရင် ကောင်းကျိုးချမ်းသာရကြမှာ အမှန်ပါ။ အမျိုးသမီးများ ဘုရားအနီးသွားပြီး ဘုရားရှိခိုးတော့ ကုသိုလ်ရတာပေါ့။ ကုသိုလ်ရရင် ကောင်းကျိုးချမ်းသာကတော့ ရကြမှာပါ။ ထိတ်လန့်ဖွယ်ရာတွေနဲ့ခြောက်လန့်ထားပေမဲ့ ဘာမှမဖြစ်ပါဘူး။ ရဲရဲကြီးသာသွားကြဖို့ တိုင်တွန်းပါတယ်။
ကျိုက္ခမီရေလည်ဘုရားလဲ ထိုနည်းအတူပါပဲ။ အမျိုးသမီးများ ၀င်ရောက်မဖူးရ အဝေးကဖူးရမယ်၊ သတ်မှတ်ထားတဲ့နေရာက ဖူးရမယ်၊ တကယ်လို့ ၀င်ဖူးရင် ဘာဖြစ်မယ် ညာဖြစ်မယ်ဆိုတာတွေဟာ အလကားပါ။ သမိုင်းဆရာတွေရဲ့ အဓိပ္ပါယ်မဲ့ တဲ့လုပ်ရပ်တွေပါ။ ပြောလိုတာကတော့ သာသနာတော်ကိုကြည်ညိုရင်းစွဲရှိတဲ့ သဒ္ဓါတရားကောင်းတဲ့အမျီုးသမီးများ ဘယ်ဘုရားမဆို အနီးသို့ ၀င်ရောက်ဖူးမျှော်နိုင်ပါတယ်။ ဘာအန္တရာယ်မှမဖြစ်တဲ့အပြင် ကုသိုလ်ရပြီး ကောင်းကျိုးချမ်းသာများ ရရှိနိုင်ပါတယ်။

(သုတေသန သမ္မာမဂ္ဂင်္ဂပဥှာကျမ်း၊ စာမျက်နှာ-၂၇၅-၂၇၆)

စင်ကာပူမှ ရေပေါ်ကစားကွင်း

ခေတ်မီနိုင်ငံတစ်ခုဖြစ်တဲ့ စင်ကာပူရဲ့ လည်ပတ်စရာတွေထဲက ဒီထူးခြားတဲ့ ရေပေါ်အားကစားကွင်းလေးအကြောင်း  ပြန်လည်မျှဝေလိုက်ပါတယ်...။

Marina Bay ပေါ်မှာ တည်ရှိတဲ့ ဒီကစားကွင်းကို Marina Bay Floating Platform လို့ခေါ်ပါတယ် ။ သူက World's Largest Floating Stage လည်း ဖြစ်ပါတယ် ။ စင်ကာပူနိုင်ငံ Marina Bay မှ Marina Reservoir မှာ တည်ရှိပါတယ် ။

စတီးတွေနဲ့ချည်းပြုလုပ်ထားပြီး Marina Bay မှ Floating platform ရဲ့ အကျယ်အ၀န်းဟာ ၁၂၀ မီတာ ရှည်ပြီး ၈၃ မီတာ ကျယ်ပါတယ် ။ National Stadium မှ ဘောလုံးကွင်းထက် ၅% မျှပိုကြီးမားပါတယ် ။

ကမ္ဘာ့အကြီးဆုံး မိသားစု

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ဘခ်တောင် ကျေးရွာမှ ဇီရိုနာ ချန်နာ ဆိုသူမှာ ဇနီး ၃၉ ယောက်ရှိပြီး သားသမီး ၉၄ ယောက်၊ ချွေးမ ၁၄ ယောက်နှင့် မြေး ၃၃ ယောက် ပိုင်ဆိုင်ထားသည်။ သူ့ရဲ့ ကမ္ဘာ့အကြီးဆုံး မိသားစုအတွက် ဂုဏ်ယူမဆုံးလည်း ဖြစ်နေသည်။

ထိုမိသားစုများမှာ ဘခ်တောင်ကျေးရွာမှ အခန်း ၁၀၀ ပါ လေးထပ်တိုက်ကြီးတွင် နေထိုင်ကြသည်။ သူ့ဇနီးများက မစ္စတာ ချန်နာနဲ့ တစ်ညတစ်ယောက် အလှည့်ကျ အိပ်ကြရသည်။

တကယ်ခွင့်လွတ်တာလား

အင်တာနက်ကနေ ဖတ်ဖူးခဲ့တာလေးပါ.. အဓိပ္ပါယ် ရှိလှပါတယ်...။

လျှပ်စစ်မီးကို တီထွင်တဲ့ အက်ဒီဆင်က သူ့ရဲ့လက်ထောက်အကူနဲ့ မီးသီးကို တီထွင်နေတယ်… မောပန်းစွာ ကြိုးကြိုးစားစားလုပ်ကိုင်ပြီးနောက် အောင်မြင်သွားခဲ့တယ်..။

အက်ဒီဆင်က တီထွင်အောင်မြင်လို့ပြီးသွားတဲ့မီးသီးကို တခြားစမ်းသပ်ခန်းသို့ သူ့ရဲ့တပည့်လက်ထောက်ကို သယ်ဆောင်ခိုင်းတယ်။ တပည့်က သေချာဂရုစိုက်စွာ တလှမ်းချင်း လှေခါးပေါ်တက်တယ်… လက်ထဲက မီးသီးလေးကို ရင်တထိတ်ထိတ်နဲ့သယ်တယ်။ ဂရုစိုက်လေ စိတ်တွေကပိုလုပ်ရှားပြီး လှေခါးပေါ်ရောက်ခါနီးမှာ မီးသီးကျကွဲသွားတယ်…

ရိုးသားခြင်းသည်သာ

အရင်တုန်းက အိမ်လွမ်းသူဆိုက်က ဖတ်ခဲ့ဖူးတာလေးပါ...။

အောင်မြင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးဟာ အသက်အရွယ်ကြီးရင့်လာတော့ သူ့နေရာမှာဆက်ခံမယ့်သူတစ်ယောက်ကို ရွေးချယ်ဖို့ စဉ်းစားမိပါတယ်။ သူ့ရဲ့ သား သမီးများနဲ့ လက်ရှိသူ့လုပ်ငန်းက ဒါရိုက်တာများထဲက ရွေးချယ်ဖို့ထက် တခြားနည်းလမ်းတစ်မျိုးနဲ့ ရွေးချယ်ဖို့ သူ ဆုံးဖြတ်လိုက်ပါတယ်။

သူ့ကုမ္ပဏီမှာရှိတဲ့ လူရွယ်အရာရှိများအားလုံးကို အစည်းအဝေးခေါ်လိုက်ပါတယ်။

"ခုဆိုရင် ငါဟာ အသက်အရွယ်ကြီးလာပြီဖြစ်လို့ ကုမ္ပဏီရဲ့ CEO အသစ်ကို ငါ့နေရာမှာ ဆက်ခံဖို့ ရွေးချယ်ရတော့မှာပါ။ မင်းတို့ထဲက တစ်ယောက်ကို နောက် ဖြစ်မယ့် CEO အဖြစ်ရွေးချယ်ချင်တယ်"

လက်ထပ်လက်စွပ်ကိုဘာလို့လက်သူကြွယ်မှာဝတ်ရတာလဲ ?

ဟုတ်မဟုတ်တော့မသိဘူးဗျ.. ဖတ်ဖူးတာလေးပေါ့.. သူဟာနဲ့သူတော့ ဟုတ်နေတာပဲ...။

ကဲ…အားလုံး… လက်နှစ်ဖက်ကို ဘုရားရှိခိုးတဲ့ပုံစံကို ပြုလုပ်လိုက်ပါ...။
လက်ခလယ်ကိုခေါက်လိုက်ပြီး လက်ခလယ်ကို ကျောချင်းထိအောင် ခေါက်ကွေးထားဖို့လိုမယ်နော်...။
ကျန်တဲ့လက်ချောင်းများက လက်ထိပ်ချင်းထိနေပါစေ...။

ဒီကစားနည်းကို မကစားခင်မှာ လက်ငါးချောင်းက ဘာကိုရည်ညွှန်းတယ်ဆိုတာကို ပြောပြပါမယ်။

လက်မထိပ်ကို ထိလိုက် ခွါလိုက်လုပ်ကြည့်ပါ...လက်မကိုခွာလို့ ရပါတယ်...

တိမ်လွှာခြုံတဲ့ အပြာရောင်မြို့ကလေး

မော်ရိုကိုနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ မြို့ကလေးတစ်မြို့ကတော့ Chefchaouen လို့အမည်ရတဲ့ မြို့ဖြစ်ပါတယ်။ မောရိုကိုမှာ အလှပ၊ အသန့်ရှင်းဆုံး မြို့ကလေးတစ်မြို့ရယ်လို့ အသိအမှတ် ပြုကြရပါတယ်။ စပိန်နိုင်ငံကနေ ထွက်ပြေးလာကြသူများက ၁၄၇၁ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မော်ရိုကိုနိုင်ငံရဲ့ မြောက်ဖက်စွန်းမှာ တည်ရှိပြီး ကျူးကျော်ရန်စလာသူ ပေါ်တူဂီတို့ကို ကိုယ့်အားကိုယ်ကိုးပြီး ခုခံ တိုက်ခိုက်ခဲ့ကြတဲ့ ခံတပ်မြို့တစ်မြို့လည်း ဖြစ်ခဲ့ပါတယ်။ Chefchaouen မြို့ကလေးဟာ Rif တောင်တန်းကြီးရဲ့ တောင်စောင်းမှာ တည်ရှိနေတာမို့ ကောင်းကင်ပေါ်မှာ တည်ရှိနေတဲ့ မြို့ကလေးလို့ထင်ရမတတ် မြို့ကလေးရှိရာ တောင်တန်းပေါ်မှာ တိမ်တွေ ၀ဲဖြာ ယှက်သိုင်းလို့ ညှို့ညှို့ဆိုင်းဆိုင်း ရှိနေတတ်ပုံက လွမ်းတတ်သူတွေအဖို့တော့ မျက်ရည်ဝဲစရာရယ်လို့ ပြောရမတတ်ပါပဲ ။

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား

ဒီခေတ်ကြီးက လွယ်တာမဟုတ်ဘူးလေ.. အဲတော့ ဒါမျိုးလေးတွေလဲ သိထားမှ တော်ရုံကျမယ်.. :)

အ၀တ်လဲခန်းထဲမှာ hidden camera (လျှို့ဝှက် ကင်မရာ) တပ်ဆင်ထားမထား ဘယ်လိုသိနိုင်မလဲ အ၀တ်အထည်စတိုးဆိုင်ကြီးတွေနဲ့ ပလာဇာတွေရဲ့ အ၀တ်အစားလဲခန်း (အ၀တ်အထည်အသစ်တွေကို စမ်းသပ်ဝတ်ဆင်ကြည့်တဲ့အခန်း) တွေမှာ မသမာသူတွေက hidden camera (လျှို့ဝှက် ကင်မရာ) တွေ တပ်ဆင်ထားနိုင်ပါတယ်။ ကင်မရာတွေဟာ သေးငယ်လွန်းတာကြောင့် ဘယ်နားမှာတပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူဆုံး နည်းလမ်းကတော့ မိမိမှာပါလာတဲ့ mobile phone နဲ့စမ်းသပ်တဲ့နည်းပါပဲ။

ကွန်ပျူတာသုံးစွဲသူများ လိုက်နာသင့်သည့်အချက်များ

ဒါလေးတွေက လူတိုင်းသိပြီးသားပါ.. ဒါပေမယ့် သတိမမူဂူမမြင် ဆိုသလိုပေါ့... :)
ပြောသာပြောတာပါ.. ကျွန်တော်လဲ မျက်စိကအရင်လောက် သိပ်မကောင်းချင်တော့ဘူး.. :D
ဖတ်ကြည့်ပါဗျာ...။

ယနေ့အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပျူတာဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ်ကိုင် နေကြရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်းခြင်း ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ဘယ်လိုကာကွယ်ကြမလဲ။

အောက်ပါ နည်းလမ်းလေး တွေ ကိုလိုက်နာပေးလိုက်ပါ။

၃၈ဖြာ မင်္ဂလာ တရားတော်

ဒါလေးကလဲ ဗုဒ္ဓဘာသာဝင်များ သိထားသင့်ပါတယ်...

ပေါင်းသင်းဆက်ဆံရေး မင်္ဂလာ ၃ပါး
၁။ လူဆိုးလူမိုက်ကို မမှီဝဲ မပါင်းသင်းရခြင်း
၂။ ပညာရှိ လူလိမ္မာကို မှီဝဲ ပေါင်းသင်းရခြင်း
၃။ ပူဇော်ထိုက်သော သူတို့ကို ပူဇော်ရခြင်း

နေရေးထိုင်ရေး မင်္ဂလာ ၃ပါး
၁။ သင့်လျော်သော အရပ်၌ နေထိုင်ရခြင်း
၂။ ရှေးက ပြုဖူးသော ကောင်းမှု အထူးရှိခြင်း
၃။ မိမိ၏ ကိုယ်စိတ် နှစ်ပါ:ကို စောင့်ထိန်းခြင်း

အနာဂတ်မြန်မာပြည်

ဒါလေးက ဗဟုသုတတော့မဟုတ်ပါဘူး.. ဖတ်မိတာလေးတွေထဲက သဘောကျလို့ ပြန်ဝေမျှလိုက်တာပါ... :P

အနာဂတ်မြန်မာနိုင်ငံတော် (ဖတ်ကြည့်ဦးနော်)
"ဘာကွ... မြန်မာငွေ ပါမလာဘူး။ ဟုတ်လား။ မင်းတို့ဆီက စင်ကာပူဒေါ်လာက ဒီမှာသုံးလို့ ရမယ်ထင်လို့လားကွ။ "
လူဝင်မှု အရာရှိ၏ ဟိန်းဟောက်မှုကြောင့် အဆိုပါ စင်ကာပူသား ခေါင်းလေးပုဝင်သွားသည်။ ထို့နောက် မြန်မာစကား မပီကလာ ပီကလာဖြင့်"ကျနော်ရှာဝယ်ပါသေးတယ်။ မရလို့ အမေရိကန် ဒေါ်လာနဲ့ ထိုင်းဘတ်ပဲ ဝယ်လာခဲ့တာပါ။ မြန်မာ အကြွေတွေတော့ နည်းနည်း ပါပါတယ်။" ဟုဆိုကာ တဆယ်ကျပ်တန် နှင့်ငါးဆယ်တန် တရွက်စီ ထုတ်ပြသည်။ ဒါနဲ့ မင်းက ဒီပိုက်ဆံလောက်နဲ့ ဘယ်မှာနေမှာတုန်း။ မှန်းစမ်းဗီဇာလျှောက်တုန်းက ထောက်ခံသူမှာ ကြည့်လိုက်ဦးမယ်။ အော်... မင်းကဘုန်းကြီးကျောင်းက ထောက်ခံချက်နဲ့ ဘုန်းကြီးကျောင်းမှာနေမှာပေါ့။ အခုမင်းလာတာ အလည်ဗီဇာနဲ့နော်။ အလုပ်လုပ်လို့ မရဘူး။ နားလည်တယ်နော်။ မင်းတို့စလုံးက ကောင်တွေမပြောချင်ဘူး။

ပထမ မြန်မာများ

ဘာပဲဖြစ်ဖြစ် ကိုယ့်နိုင်ငံအကြောင်း သိထားတော့ ကောင်းတာပေါ့ဗျာ... ဖတ်ဖူးတာလေးပါ။

1. ပထမဆုံး သမ္မတ = စဝ်ရွှေသိုက်

2. ပထမဆုံး ၀န်ကြီးချုပ် = ဦးနု

3. ပထမဆုံး အနောက်တိုင်းဆေး ဒေါက်တာ = ဒေါက်တာ ရှောလူး

4. ပထမဆုံး အင်္ဂလိပ် မြန်မာ အဘိဓာန် ရေးသားသူများ = မက္ခရာမင်းသား နှင့် မစ္စတာလိန်း (ဒေါက်တာ ဆင်မျူယ် ဂျွန်ဆင်၏ အင်္ဂလိပ်အဘိဓာန်ကို ပြန်ဆို)

5. ပထမဆုံး သိပ္ပံစာပေ ပြုစုသူ = ယောမင်းကြီး ဦးဘိုးလှိုင်

တိုင်းရင်းသားမျိုးနွယ်စု - ၁၃၅မျိုး

ကျွန်တော်တို့မြန်မာတွေအားလုံး မြန်မာပြည်ကြီးမှာ တိုင်းရင်းသားလူမျိုးစု ၁၃၅ မျိုးရှိတယ်လို့သာ အကြမ်းဖျင်းသိကြပါတယ်။ အသေးစိတ်ကိုတော့ ဘယ်သူမှသတိမထားမိကြပါဘူး (သိတော့လဲ ဘာလုပ်လို့ရမှာတုန်း .. ဟုတ်ဘူးလား :P)
ဒါပေမယ့် ကျွန်တော်ဖတ်ဖူးခဲ့တာလေးကို ပြန်လည်ဝေမျှလိုက်ပါတယ်...။

ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။

(၁) ကချင် Kachin

(၂) တရုမ်းTaron Taron

(၃) ဒလောင် Dalaung

(၄) ဂျိန်းဖော Jinghpaw

(၅) ဂေါ်ရီ Guari

(၆) ခခူ Hkahku

(၇) ဒူးလန်း Duleng

(၈) မရူ (လော်ဝေါ်) Maru (Lawgore)

မြန်မာဗျည်း(၃၃)လုံး ဖြစ်ပေါ်လာပုံ

ကျွန်တော်တို့ မြန်မာစာပေရဲ့ ဗျည်း ၃၃ လုံး ဘယ်လိုပေါ်ပေါက်လာတယ်ဆိုတာ သိသင့်တယ်ထင်လို့ ဝေမျှပေးလိုက်ပါတယ်။

မြန်မာဗျည်း ၃၃-လုံး ဖြစ်ပေါ်လာပုံအကြောင်း ပြောရာမှာ ဗျည်းရော သရရော မြန်မာအက္ခရာ ဘယ်လိုဖြစ်ပေါ်လာတယ်ဆိုတာက စပြောဖို့လိုမှာပေါ့။ မြန်မာအက္ခရာဟာ အိန္ဒိယနိုင်ငံမှာ ဘိစီ ၅၀၀-လောက်က ၇၀၀-ကျော်အထိ ထွန်းကားခဲ့တဲ့ ဗြာဟ္မီ (Brahmi) အက္ခရာက ဆင်းသက်လာကြောင်း ပညာရှင်တွေက မိန့်ဆိုကြတယ်။

ခရစ်နှစ်ဦးပိုင်းလောက်မှာ အိန္ဒိယနိုင်ငံသားတွေ အရှေ့တောင်အာရှကို သင်္ဘောကြီးတွေနဲ့ ရွက်လွင့်လာ ရာမှ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ အက္ခရာ၊ နီတိကျမ်း၊ ဓမ္မသတ်ကျမ်း စတဲ့ ယဉ်ကျေးမှုတွေပါလာပြီး အရှေ့တောင်အာရှ နိုင်ငံတွေမှာ ထွန်းကားတာပါ။ အဲဒီအက္ခရာဟာ မွန်လူမျိုးတွေဆီ အရင်ရောက်ပြီး အဲဒီကမှတဆင့် မြန်မာတွေဆီရောက်တယ်။ မြန်မာတွေက အဲဒီအက္ခရာတွေကို မြန်မာစကားသံတွေနဲ့ အံဝင်ခွင်ကျဖြစ်အောင် လိုအပ်သလို မွမ်းမံအသုံးပြုရာက မြန်မာအက္ခရာ ပေါ်ပေါက်လာတယ်လို့ ယူဆကြပါတယ်။

အမေရိကန်ရေတပ် တည်ဆောက်ပုံ

လက်ရှိကမ္ဘာပေါ်မှာ စစ်အင်အားအကြီးဆုံးနိုင်ငံ ဘယ်ဟာလဲလို့မေးရင် ကလေးတောင် သိကြပါတယ်။ အမေရိကန်လို့ပဲဖြေကြမှာပါ။ ဟုတ်ပါတယ်၊ လက်ရှိမှာလဲ သူ့စစ်အင်အားကို ဘယ်သူမှမမီအောင် ခေတ်မီယာဉ်၊ လက်နက်ကိရိယာတွေနဲ့ စနစ်ကျနတဲ့လေ့ကျင့်မှုတွေနဲ့ ဖွဲ့စည်းတည်ဆောက်ထားတာပါ။ အဲ့ဒီအင်အားတွေထဲမှာမှာ ရေတပ်ရဲ့ ဖွဲ့စည်းတည်ဆောက်ပုံလေး အကြောင်း နဲနဲ ပြောပြချင်ပါတယ်ဗျ။

အမေရိကန်ရေတပ်တည်ဆောက်ပုံက ရှုပ်ထွေးပါတယ်။ အမေရိကန် စစ်ရေးအတွေးအခေါ်က စစ် (၂) ခုကို တပြိုင်ထဲ တိုက်နိုင်ရမယ်ဆိုတဲ့ အတွေးအခေါ်ဖြစ်တဲ့အတွက် သူ့ရဲ့ရေတပ်ကို အတ္တလန်တစ်အုပ်စု Atlantic Fleet (Norfolk, Virginia) နဲ့ ပစိဖိတ်အုပ်စု Pacific Fleet (Pearl Harbour, Hawaii) ဆိုပြီး ခွဲထားပါတယ်။ ပြီးမှတခါ နံပါတ်တပ်ခေါ်တဲ့ Numbered Fleets ဆိုပြီး ကမ္ဘာကြီးရဲ့ ပထဝီအနေအထားရ လိုအပ်သလို ဖွဲ့ထားပြန်တယ်။ ဥပမာ အာရှ အတွက် 7th Fleet အမှတ် (၇) ရေတပ်မတော်၊ ဥရောပအတွက် 6th Fleet အမှတ် (၆) ရေတပ်မတော်။ အခုလိုအပ်လာလို့ 5th Fleet အမှတ် (၅) ရေတပ်မတော် ကို ဘာရိန်းမှာ ပြန်ထားတယ်။ နောက်ဆုံး 4th Fleet အမှတ် (၄) ရေတပ်မတော်ကို တောင်အမေရိက (Latin America) အတွက် ၂ဝဝ၈/၂ဝဝ၉ ကပြန်ဖွဲ့ခဲ့ပါတယ်။ ဒီ နံပါတ် ရေတပ်မတော်တွေက လှုပ်ရှားနေရတဲ့ ရှေ့ပြေးရေတပ်တွေ ဖြစ်တယ်။ ဥပမာ 5th Fleet အမှတ် (၅) ရေတပ်မတော်ဟာ သူ့နယ်မြေအောက်မှာရှိတဲ့ အိန္ဒိယ သမုဒ္ဒရာမှာ ကင်းလှည့်ရတယ်။ လိုအပ်တဲ့ သင်္ဘောနဲ့ ရေတပ်သားတွေကို အတ္တလန်တိတ်အုပ်စုနဲ့ ပစိဖိတ်အုပ်စုက Atlantic Fleet နဲ့ Pacific Fleet က အလှည့်ကျ ပို့ပေးရတယ်။ အမှတ် (၂) ရေတပ်မတော် က ဗာဂျီးနီးယားမှာရှိပြီး အတ္တလန်တိတ်သမုဒ္ဒရာ တောက်လျောက် မြောက်ကနေတောင်အထိ တာဝန်ရှိတယ်။ အမှတ် (၃) ရေတပ်မတော် ကယ်လီဖိုးနီးယားပြည်နယ် စင်ဒီရေးဂိုးမှာ ရှိတယ်။ အဝေးရောက် အမှတ်စဉ်နဲ့ ရေတပ်မတော်တွေက တကယ်ကင်းလှည့်ပြီး ရန်သူနဲ့ရင်ဆိုင်ရတဲ့ တိုက်ခိုက်ရေး တပ်တွေ၊ ဒီတပ်တွေ တိုက်ရည်ခိုက်ရည်ရှိအောင် ထောက်ပံ့ရေး Logistic နဲ့ ခဲယမ်းလက်နက် အပိုပစ္စည်းတွေ ပြည့်စုံအောင် အတ္တလန်တိတ်နဲ့ ပစိဖိတ်အုပ်စုတွေက တာဝန်ယူကြရပါတယ်။ ဥပမာ Shore Commanders ကမ်းခြေစစ်စခန်းမှူး တွေရှိပါတယ်။သူတို့က ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးရတာပါ။

တခါ ရေတပ်နဲ့ အတူ ကမ်းခြေတက်တပ် မရိန်းMarines တွေရှိပါတယ်။ မရိန်းစစ်ဗိုလ်တွေဟာ ရေတပ် စစ်ဗိုလ် သင်တန်းကျောင်းမှာ အတူတူ တက်ကြရပါတယ်။ ပြီးမှ မရိန်း စစ်ဗိုလ်အဖြစ် ခွဲထွက် သွားကြပါတယ်။ သို့သော် Chain of Command လို့ခေါ်တဲ့ အဆင့်ဆင်အမိန့် လိုက်နာမှုကျတော့ မရိန်းတွေက သပ်သပ်၊ Marines Commandant အကြီးအကဲအောက်မှာရှိ ပြန်တယ်။ မရိန်းတွေမှာလဲ မရိန်းတွေကို ကူတိုက်ဖို့ မရိန်းလေတပ်အသေးစားရှိပြန်တယ်။ မရိန်းတွေဟာ ရက် (၆ဝ) အကူအညီမရဘဲ ကမ်းခြေတက်သိမ်းပြီးရင် ထိန်းထားဖို့ ပြင်ဆင်ထားပါတယ်။ ကမ်းခြေတက် မရင်းတွေ ဟာ တကိုယ်ထဲသွားလို့မရပါ။ ရေတပ် သင်္ဘောတွေက အကူပေးရတာကြောင့် ရေတပ်နှင့်အတူပါရတာကြောင့် မရိန်းတွေဟာ ရေတပ်နဲ့အတူ တွဲထားရပါတယ်။ ဒုတိယကမ္ဘာစစ်က ဂျပန်တွေနဲ့ တိုက်ရာမှာ မရိန်းတွေ နာမည်ကောင်း ရခဲ့ပါတယ် ။ ဒါကြောင့် မရိန်းတွေဟာ The Few, The Good, The Marines ဆိုပြီး ဂုဏ်ယူကြွေးကြော်ကြတာပါ။ လူနည်းတယ် သို့သော် တော်ကြတယ်ပေါ့။ အမေရိကန်မှာ လက်ရှိ မရင်းတပ်မ (၄) ခုရှိပါတယ်။ ကြည်းတပ်မှာ တပ်မ (၁ဝ) ခုရှိပါတယ်။

အမေရိကန်မှာ ရေတပ်အကြီးအကဲကို Chief of Naval Operation (CNO) လို့ခေါ်ပါတယ်။
အမေရိကန် တပ်မတော် ဖွဲ့စည်းပုံမှာ စစ်တပ်က အာဏာမသိမ်းနိုင်အောင် ကြည်း-ရေ-လေ-မရိန်းကို မျှမျှတတ လိုအပ်သလို ထူထောင်ပေးထားပါတယ်။ ဗမာနိုင်ငံမှာလို ကြည်းတပ်က လွှမ်းမိုးထားတာမျိုးမရှိပါ။ ဥပမာ ရေတပ်မှာ မရိန်းတပ်တွေရှိသလို လေယာဉ်တွေရှိတယ်။ အရေးအကြီးဆုံးက စစ်ဗိုလ်ချုပ်တယောက်ကို အကြမ်းဖျဉ်း (၄) နှစ်ထက်ပိုပြီး တနေရာမှာ မထားပါ။

အမေရိကန်ရေတပ်ဟာ တိုက်ပွဲထွက်ရင် မက်ထရစ် Matrix ပုံသဏ္ဌာန် သင်္ဘောတွေ လာစုပြီး task force အနေနဲ့ တိုက်ကြပေမယ့် သင်္ဘောအမျိုးအစားအလိုက် ထောင်လိုက် (Vertical) ခွဲပြီး ပဏာမအနေနဲ့ လေ့ကျင့်ကြရတယ် ။ ဥပမာ။ ။ ရေငုပ်သင်္ဘောအုပ်စုနဲ့ ရေပေါ် သဘောင်္အုပ်စုဆိုပြီးခွဲ ထားတယ်။ ရေပေါ်သင်္ဘောအုပ်စုအောက်မှာ လေယာဉ်တင်သင်္ဘောအုပ်စု၊ ဖျက်သင်္ဘောအုပ်စု၊ ခရူဇာအုပ်စု၊ ဖရီးဂိတ် အုပ်စုဆိုပြီး သင်္ဘောအမျိုးအစားလိုက်ခွဲပြီး လေ့ကျင့်ရတယ်။ ဒါတွေကို အုပ်ချုပ်ဖို့ type commanders တွေဆိုပြီးရှိတယ်။ သင်္ဘောအမျိုးအစားအလိုက် ကျွမ်းကျင်အောင် လုပ်ခြင်းဖြစ်တယ်။

လေယာဉ်တင်သင်္ဘောဟာ တစီးထဲ ကင်းလှည့်လေ့မရှိပါ ။ carrier group လို့ခေါ်တဲ့ အစောင့်အလျှောက်တွေ ခြံရံပြီး ကင်းလှည့်ရပါတယ် ။ ဥပမာ Aeigis system လို့ခေါ်တဲ့ ရေဒါစနစ်က မိုင် ၃ဝဝ အတွင်းရှိရှိသမျှသော သင်္ဘောတွေ၊ လေယာဉ်တွေကိုရှာပြီး လိုအပ်ရင် ပစ်ချနိုင်ဖို့အဆင်သင့် လုပ်ထားရပါတယ်။ လေယာဉ်ပစ်ဒုံးပျံတွေ၊ ရေငုပ်သင်္ဘောကိုပစ်ဖို့ depth charge တွေပေါ့။ ဒါပေမဲ့ အဝေးကရေအငုပ်သင်္ဘောကျတော့ ဆိုနာ sonar နဲ့ပဲရှာလို့ ရပါတယ်။ ဒါကြောင့် ရေငုပ်သင်္ဘောလဲ ပါရပြန်တယ်။ လိုအပ်ရင် တော်ပီတိုနဲ့ပစ် အကာအကွယ်ပေးမယ်။ ဒါကြောင့် ကိုယ့် သင်္ဘောအလိုက် ကျွမ်းကျင်မှုကို Type commander တွေက လေ့ကျင့်ပေးပြီး ဒုတိယ အဆင့် အားလုံးပါဝင် တိုက်ပွဲဝင်နိုင်အောင် လေ့ကျင့်ကြရပြန်တယ်။ ဥပမာ ဒီတာဝန်ကို Atlantic Fleet အတွက် 2nd Fleet က တာဝန်ယူလေ့ကျင့် ပေးရပြန်တယ်။

ရေငုပ်သင်္ဘောမှာလဲ မတူတဲ့ တာဝန်တွေရှိပြန်တယ်။ ရန်သူ ရေငုပ်သင်္ဘေတွေ၊ ရန်သူ့ သင်္ဘောတွေကို လိုက်ရှာပြီး ဖျက်စီးတိုက်ခိုက်နိုင်တဲ့ ရေငုပ်သင်္ဘောကို attack submarine (SSN) လို့ခေါ်ပါတယ်။ သူတို့ က အရွယ်အစားပိုသေးတယ်။ ပိုမြန်တယ်။ စစ်အေးတိုက်ပွဲခေတ်က ရန်သူက မိမိနိုင်ငံကို လက်ဦးမှုယူပြီး တိုက်ခိုက် ဖျက်ဆီးခဲ့သည်ရှိသော် ရန်သူကို ပြန်လည်ချေမှုန်းဖျက်ဆီးနိုင်ဖို့ အဝေးပစ် အနုမြူဒုံးပျံတွေ တင်ပြီး ကင်းလှည့်နေတဲ့ ရေငုပ်သင်္ဘောတွေကို Fleet ballistic missile submarines (SSBN) လို့ခေါ်ပါတယ်။ ဒါက MAD (Mutual Assured Destruction) ငါသေရင် မင်းလဲ သေမယ်ဆိုတဲ့ မဟာဗျူဟာအရပါ SSBN တွေ တခါတခါ တာဝန်ကျရင် လနဲ့ချီပြီး ရေအောက် မှာပျောက်နေတတ်ပါတယ်။

ရေငုပ်သင်္ဘောဟာ ဒီဇယ်ဆီနဲ့မောင်းရင် ဘက်ထရီကိုအားပြန်သွင်းဖို့ ရေပေါ်ပြန်တက်ရပါတယ်။ ဒါကြောင့် အမေရိကန် ရေငုပ် သင်္ဘောတွေ အားလုံးဟာ အနုမြူအားနဲ့မောင်းတဲ့ သင်္ဘောတွေချည်းပါပဲ။ ထို့အပြင် အခု cruise missile တွေပါတပ်ဆင်ထားတာပါတယ်။ ရေအောက်က ကုန်းကို ပစ်နိုင်စွမ်းရှိတာကြောင့် ရေငုပ်သဘောင်္တွေဟာပိုပြီး အရေးပါလာကြပါတယ်။ ရေငုပ်သင်္ဘောမှာ အသံမထွက်ဖို့က အဓိကကျပါတယ်။ ဆိုဗီယက်ခေတ်က ရေငုပ်သင်္ဘောတွေဟာ စက်သံဆူညံတာကြောင့် ဆိုနာနဲ့ လွယ်လွယ် ရှာနိုင်တယ်။ တရုတ်သင်္ဘောတွေဟာ အမေရိကန်ရေငုပ်သင်္ဘောတွေထက် ပိုဆူညံတာကတော့ မငြင်းနိုင်တဲ့ အားနည်းချက်ဖြစ်ပါတယ်။

စစ်တပ်ဆိုတာဘာလုပ်လုပ် အမိန့်ပြန်တမ်းနဲ့ မှတ်တမ်းရေးရပါတယ်။ ဒါကြောင့် စစ်တပ်မှာ institutional knowledge လို့ခေါ်တဲ့ အဆက်ဆက် နားလည်မှု ရှိပါတယ်။ လေယာဉ်တင် သင်္ဘော တည်ဆောက်နိုင်တာ တပိုင်း၊ ပိုင်ပိုင်နိုင်နိုင်ကိုင်တွယ် တိုက်ခိုက်နိုင်တာတပိုင်းပါ။ ဒါကြောင့် တရုတ်ရေတပ်မတော်ဟာ လေယာဉ်တင် သင်္ဘောချင်း ယှဉ်နိုင်ဖို့ အနည်းဆုံး (၅) နှစ်ကနေ (၁ဝ) နှစ်၊ (၁၅) နှစ် ကြိုးစားရပါအုံးမယ်။

အမေရိကန်ရေတပ်ဟာ ဒုတိယကမ္ဘာစစ်က Midway တိုက်ပွဲမှာ ရာမာမိုတိုခေါင်းဆောင်တဲ့ ဂျပန်ရေတပ်ရဲ့ လေယာဉ်တင်သင်္ဘော (၄)စီးကို ဖျက်ဆီးနိုင်ပြီးကထဲက လေယဉ်တင် သင်္ဘောချင်း တိုက်တဲ့ စစ်အတွေ့အကြုံကိုရခဲ့ပြီး ကိုရီးယားစစ်၊ ဗီယက်နမ်စစ်၊ အီရတ်စစ်တွေမှာ လေယဉ်တင်သင်္ဘောနဲ့တိုက်တဲ့ အတွေ့အကြုံတွေ တောက်လျောက် ရခဲ့ပါတယ်။ တရုတ်ဟာ အခုမှ စ လုံးရေ စ ရမှာ။

လေယဉ်တင်သင်္ဘောတွေဟာ ရန်သူ့ တော်ပီတိုကိုရှောင်ဖို့ ဒုတိယကမ္ဘာစစ်ကထဲက တိုက်ပွဲဝင်ရင် တည့်တည့်မမောင်းဘဲ ဘယ်လှည့်ညာလှည့် zig zag မောင်းရတာတွေ ရှိတယ် ။ အခုခေတ်မှာ အတတ်ပညာတွေ တိုးတက်တာကြောင့် ရန်သူပစ်လိုက်တဲ့ တိုပီတိုကို ရှောင်တိမ်းနိုင်တဲ့ နည်းပညာတွေ၊ လမ်းပြောင်းပေးနိုင်တဲ့ diversion techniques နည်းလမ်းတွေ ရှိပါတယ်။

ထို့ပြင် ခေတ်မီ စစ်တပ်တွေမှာ ညတိုက်ပွဲကို မကျွမ်းကျင်လို့ မရပါဘူး။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ ည မှာ လေယာဉ် အဆင်းအတက်ကို မလေ့ကျင့်လို့မရပါ ။ အန္တရာယ်လဲ အလွန် ကြီးမားပါတယ်။ လေယဉ်တင်သင်္ဘောမှာ ဆင်းလာတဲ့ လေယာဉ်ကို သံမဏိချိတ်တွေနဲ့ချိတ်ပြီး လေယာဉ်ကို စောင့်ရပ်စေရတာပါတယ်။ Tail-Hook လို့ခေါ်ပါတယ်။ တက်တော့လဲ Catapult လို့ခေါ်တဲ့ သံမဏိလေးခွနဲ့ အရှိန်တချီထဲရအောင် တွန်းတင်ပေးလိုက်တာပါ။ ဒါကြောင့် အမေရိကန်လေယာဉ်တင်သင်္ဘောတွေမှာ အရောင်နဲ့ခွဲပြီး Color-coded သူ့နေရာ၊ သူ့တာဝန်ခွဲပြီး orchestra သီချင်းတီးဝိုင်းလို၊ ဟန်ချက်ညီညီ တာဝန်ယူကြရတာ။ တချက်လေးမှားတာနဲ့ လူအသေအပျောက်ဖြစ်တတ်ပါတယ်။ ဒါကြောင့် လေယာဉ်တင် သင်္ဘောတွေဟာ တချိန်လုံး လေ့ကျင့်နေကြရပါတယ်။

လေယာဉ်တင်သင်္ဘောဆိုတာက ရေတပ်အင်အားအပြင် လေတပ်အင်အားကိုပါ တင်ပြီး ပင်လယ်ပြင် တနေရာကနေ နောက်တနေရာကို သယ်ဆောင်ပြီး အင်အားပြ၊ အင်အားချဲ့တာကိုး။ လေတပ်၊ ရေတပ်တွေမှာ ဒုတိယကမ္ဘာစစ်ကထဲက fighter တိုက်လေယာဉ်နဲ့ fighter bomber (သို့) တော်ပီတို လေယာဉ် Torpedo plane ဗုံးကြဲတိုက်လေယာဉ်ဆိုတာတွေ ဆိုတာတွေ ရှိပါတယ်။ အခုခေတ်မှာတော့ multi-purpose fighter လို့ခေါ်ကြပါတယ်။ ကွာတာက fighter ရဲ့ ရည်ရွယ်ချက်က လေယာဉ်ကနေ မြေပြင်ကို ဗုံးကြဲဖို့မဟုတ် ရန်သူ့လေယာဉ်ကို ပစ်ချဖို့သက်သက် ဖြစ်ပါတယ်။

ယနေ့ခေတ် လေယာဉ်တိုက်ပွဲတွေမှာ ရေဒါရဲ့ အစွမ်းက သိပ်အရေးကြီးပါတယ်။ ရန်သူ့လေယာဉ်ကို အဝေးကြီးကထဲက မြင်နိုင်ရင် အစောကြီး ကိုယ်ကပစ်ချနိုင်မှာပေါ့။ ဒါကြောင့် နိုင်ငံတချို့က ရေဒါကို လေယာဉ်အပေါ် တင်ထားကြပါတယ်။ လေယာဉ်တင်သင်္ဘော အတွက် အသေးစား E-2C Hawkeye ဆိုတာရှိသလို လေတပ်အတွက် အကြီးစား AWACS ဆိုတာတွေရှိပါတယ်။ ရှေ့ဦးမှာ Fighter bomber တွေက ဗုံးကြဲဖို့ ရှေ့ကပျံသန်းပြီး တိုက်လေယာဉ် fighter တွေက နောက်ကစောင့်ရှောက်ပေး၊ အဲဒီနောက်ကမှ ရေဒါလေယာဉ်တွေက လမ်းကြောင်းထိန်းပေးရပါတယ်။ ဒါ့အပြင် ဗုံးတွေဟာ အရင်လို မတိမကျ မဟုတ်၊ ပစ်မှတ်ကို တည့်တည့်အတိအကျ အတိအကျ ပြစ်နိုင်တဲ့ Precision Guidance Bombsတွေ ဖြစ်တယ်။ ဒါကြောင့် လေယာဉ်တင်သင်္ဘောဆိုတာ လေကြောင်း တိုက်ပွဲတွေကို အနိုင်တိုက်နိုင်မယ့် လေယာဉ်မောင်းသမားတွေနဲ့ ခေတ်မီ လေယာဉ်တွေ တိုက်နည်းခိုက်နည်းတွေလိုလာပြန်တယ်။

အမေရိကန်မှာ F22 (Raptor) ဆိုတဲ့ 5th Generation Fighter ကို တပ်ဆင်ပြီးပါပြီ။ F35 ဆိုတဲ့ multi-purpose fighter ကို မကြာခင် ထုတ်ဝေဖြန့်ချိနိုင်တော့မှာပါ။ အမေရိကန်ရဲ့ လွှတ်တော်က ဥပဒေနဲ့ F22 ကို ဘယ်နိုင်ငံမှ မရောင်းရဆိုတဲ့ ဥပဒေနဲ့ ထိန်းချုပ်ထားပါတယ်။ F35 ကိုတော့ လေတပ်၊ ရေတပ်အပြင် မိတ်ဆွေနိုင်ငံတွေ၊ နေတိုးနိုင်ငံတွေကိုရောင်းချမှာပါ ။ အကြောင်းက အမေရိကန် တနိုင်ငံပဲ မိမိထုတ်လိုက်တဲ့ 5th Generation multi-purpose fighter ကို ပစ်ချနိုင်တဲ့ (စွမ်းအင်) ရှိအောင် တကွက်ချန်ထားတာပါ။ ရှားဘုရင်လက်ထက်က အီရန်ဟာ အမေရိကန်ရဲ့ အရင်းနီးဆုံးမိတ်ဆွေနိုင်ငံဖြစ်တော့ အဲဒီတုန်းက ခေတ်အမီဆုံး F14 Tomcat ဆိုတဲ့ လေယာဉ်တွေကို ရောင်းချခဲ့တယ်။ ရုတ်တရက် ရှားဘုရင် ပြုတ်ကျသွားပြီး ခိုမေနီတက်လာတော့ ရန်သူ့ဆီမှာ ခေတ်အမီဆုံး လက်နက်တွေရောက်ကုန်တယ်။ F14 Tomcat ကို ပစ်ချဖို့ သူ့ထက်သာတဲ့ လေယာဉ်မရှိဖြစ်သွားရော။ ဒါကြောင့် အခုတော့ အဲဒီသင်ခန်းစာယူပြီး သြတေးလျားလို မိတ်ဆွေနိုင်ငံကတောင် F22 ဝယ်ချင်တာ မရောင်းတော့ဘူး။ အခု Top Gun အဆင့်မြင့် ရေတပ်၊ လေကြောင်း သင်ကြားရေးကျောင်းမှာ လက်ရှိ F18-E/FHornet တွေနဲ့ F22 တို့ကို စီးချင်း တိုက်စေရာ F22 ကအမြဲအနိုင်ရတယ်လို့ စစ်ရေးကျွမ်းသူတွေက မိန့်ဆိုကျေနပ်နေကြပါတယ်။

ဒါကြောင့် လေယဉ်တင်သင်္ဘောရဲ့ လေယာဉ်စွမ်းအင်မှာလဲ အမေရိကန်ရေတပ်က အသာရလျက် ရှိပါတယ်။

အမေရိကန်ရေတပ်မှာ သင်္ဘောတွေ စစ်မှုထမ်းသက်တန်းကျော်သွားရင် mothballs လုပ်ပြီး အနားပေးလိုက်ပြီ ဆိုပေမယ့် စွန့်ပစ်လိုက်တာမဟုတ်ပါ။ စစ်လက်နက်တွေကိုဖြုတ် ဂိုထောင်ထဲမှာသိမ်းထားပြီး သင်္ဘောတွေကို သံချေးမတက်အောင် ကျကျနန သိမ်းထားပြီး Reserve fleet အနေနဲ့ ထိန်းသိမ်းထားတာပါ။ ဥပမာ ဒုတိယကမ္ဘာစစ်ကထဲက battle ship တွေကို ရော်နယ်ရေဂင်ခေတ်မှာ ဆွဲထုတ်လာပြီး Cruise missile တွေတပ်ဆင်ပြီး လက်ဘနွန်မှာ ပြဿနာပေါ်တော့ USS New Jersey နဲ့ အင်အားပြ အမြောက်ကြီးတွေနဲ့ လှမ်းထုတာကိုး။ သင်္ဘော ဆိုတာက လိုမှ ချက်ချင်းဆောက်လို့မရတာ မဟုတ်လား။
ရော်နယ်ရေဂင်ခေတ်က စစ်အင်အားထူထောင်တာမှာ “600 ships navy” သင်္ဘော ၆ဝဝ ရှိတဲ့ရေတပ်ဆိုပြီး ကြိမ်းဝါးခဲ့ပေမယ့် ထိန်းသိမ်းရတဲ့ စရိတ် ကြီးမားလွန်းတာကြောင့် အခု သင်္ဘော ၂၈၉ စီး၊ ရေတပ်သားဦးရေ ၃၂,၈၅၁၆ - အရံတပ်သား ၁ဝ၁,၆၈၉ နဲ့လေယာဉ် ၃,၇ဝဝ ရှိတဲ့ ရေတပ် ပြန်ဖြစ်သွားပါပြီ။ လက်ရှိအစီအမံအရ သင်္ဘော ၃ဝ၃ စီး ရှိဖို့ ရည်မှန်းထားပါတယ်။

အမေရိကန်ရေတပ်ဟာ ပြည်ပအန္တရာယ်ကိုပဲ တာဝန်ရှိပါတယ်။ ပြည်တွင်းအတွက် ကမ်းရိုးတန်းလုံခြုံရေး (Coast Guard) ဆိုတာရှိပါတယ်။ ပြည်တွင်းကိစ္စတွေကို ဒီတပ်ဖွဲ့က တာဝန်ယူရပါတယ်။ အရင်က ဒီတပ်ဖွဲ့ကို လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဌာနအောက်မှာထားပြီး ယခု ပြည်တွင်းလုံခြုံရေး Homeland Security ဝန်ကြီးဌာနအောက်မှာထားပါတယ်။

ရေတပ်မှာ Military Sealift Command – United States Naval Special Warfare Command - NSW - Naval Intelligence စတဲ့ဌာနနဲ့ တပ်ဖွဲ့တွေ အမြောက်အများ ရှိပါသေးတယ်။ ကမ္ဘာကျော် Navy Seals ဟာ NSW အောက်မှာရှိတာပါ။ Navy Seals ၂၄၅ဝ နဲ့ အရန် ၃၂၅ ဦးရှိပါတယ်။ ဗမာ့ရေတပ်မတော်မှာတောင် Navy Seals (၃) ဦးရှိပါတယ် ။ ကျနော် မှတ်မိသလောက် ဒုဗိုလ်မှူးကြီးအဆင့်တွေရောက်ကုန်ပါပြီ။ ပထမနီးစပ်ရာတွေ လွှတ်ရာ ကျကျလာလို့ အောင်ကာစ လူငယ်တွေ လွှတ်မှ အောင်လာကြတယ်လို့ သိရတယ်။ အမေရိကန်တွေတောင် (၄) ယောက်မှာ (၁) ယောက်ပဲ အောင်ကြပါတယ်။ ထိုင်းရေတပ်မှာ အမေရိကန်စနစ်အတိုင်း လေ့ကျင့်ပေးတဲ့ Navy Seals သင်တန်းရှိပါတယ်။ အမေရိကန် ရေတပ်ဖွဲ့စည်းပုံကို စံနစ်တကျ လေ့လာရင် တော်တော်ရှုပ်ပါတယ်။

တရုပ်ဗိုလ်ချုပ်ယောက်က အကယ်၍များ မင်းတို့ရဲ့ ဖလော်ရီဒါ ကမ်းခြေအလွန်မှာ ငါတို့ တရုတ်လေယာဉ်တွေ ကင်းလှည့်နေရင် မင်းတို့ ဘယ်လိုခံစားရမလဲလို့ အမေရိကန် ဗိုလ်ချုပ်တယောက်ကို မေးဖူးတယ်။ ဂျော့ဘုရှ်တက်ခါစက ပထမဦးဆုံး တွေ့ကြုံရတဲ့ နိုင်ငံတကာပြဿနာဟာ ဟိုင်နန်ကျွန်း အဖြစ်အပျက်လို့ တွင်ကျန်ခဲ့တဲ့ အဖြစ်အပျက်ပါ။ အမေရိကန်ရေတပ်ရဲ့ လျှပ်စစ်အချက်ပြချက်တွေကို ထောက်လှမ်းတဲ့ EP-3E ARIES II နဲ့ တရုတ်ရေတပ်မတော်ရဲ့ J-8 II တိုက်လေယာဉ်တို့ တိုက်မိကြရာ အမေရိကန်ရေတပ် လေယာဉ်ဟာ ဟိုင်နန်ကျွန်းမှာ အရေးပေါ်ဆင်းသက်ခဲ့ရတယ်။ တရုတ်လေယာဉ်သမားက မခံချင်စိတ်ပြင်းထန်ပြီး အနီးကပ်ခြိမ်းခြောက်ရာက တိုက်မိကြတယ်။ တရုတ်လေယာဉ်ပျက်ကျပြီး လေယာဉ်မှူး အသက်ဆုံးခဲ့တယ်။

တရုတ်တွေ ဘယ်လောက်ခံပြင်းကြတယ် ဆိုတာကိုတွေးကြည့်နိုင်တယ်။

မကြာသေးခင်ကလဲ ဂျပန် အလွန်မှာ အမေရိကန် ထောက်လှမ်းရေးသင်္ဘော (၂) စင်းကို တရုတ်ရေတပ်က လိုက်နှောင့်ယှက်တယ်လို့ အမေရိကန်ရေတပ်က စွပ်စွဲထားတယ်။

အင်အားရှိလာတော့ ပြိုင်အမောက် ထောင်ရဲလာတာပေါ့။

ဆိုဗီယက်ခေတ်က စစ်အင်အားကိုသာ အလွန်အကျွံ မြှင့်ခဲ့ပေမယ့် စီးပွားရေးမှာ မလိုက်နိုင်၊ ကွန်မြူနစ် စီးပွားရေးစနစ် ကျေးဇူးကြောင့် ချွတ်ခြုံကျဆင်း။ အပြင်မှာ ဟန်ဆောင်နေရပေမယ့် အလယ်မှာ ဟောင်းလောင်းကြီး။ တရုတ်ခေတ်ရောက်တော့ တရုတ်ကြီးက လူလည်။ အာဏာကိုသာ ကွန်မြူနစ်ပါတီက ကိုင်ထားတယ်။ စီးပွားရေးမှာ အရင်းရှင်စံနစ်။ တကမ္ဘာလုံးကို တရုတ်ပစ္စည်းတွေ ဈေးချိုချိုနဲ့ရောင်းပြီး စက်ရုံနဲ့၊ အလုပ်တွေ တရုတ်ပြည်ရောက်ကုန်တော့ ငွေထုတ်ပိုက်ပြီး တကမ္ဘာလုံးက သယံဇာတတွေလိုက်ဝယ်။ ငွေချေး၊ အကူအညီပေး အင်အားဖြန့်နိုင်ရုံမက (ငွေ)ရှိတော့ စစ်တပ်ကို ထူထောင်နိုင်တာပေါ့။ အမှန်တော့ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာပါပဲ။ ဒါ တိန်လျောက်ပိန်လို ဉာဏ်ရှိတဲ့ ခေါင်းဆောင်တွေ ပြန်တက်လာလို့ပါ။ ဝါဒစွဲကြီးတဲ့ (၄)ဦးဂိုဏ်းသာ အာဏာရခဲ့ရင် တရုတ်တွေ မြောက်ကိုရီးယားပြည်သူတွေလို ပြောင်းဖူးစေ့ လိုက်ကောက် စားနေရမှာပါ။ တိုင်းပြည်ထူထောင်တဲ့အခါမှာ ဉာဏ်ရှိတဲ့၊ ပညာတတ်တဲ့ တိုင်းပြည်ကို ချစ်တဲ့ ခေါင်းဆောင်ကောင်းတွေ လိုအပ်ပါတယ်။

ကျနော်တို့နိုင်ငံသားတွေရဲ့ အားနည်းချက်က (စစ်) ဆိုရင်မုန်းလိုက်တာ၊ ရေတောင် (စစ်) မသောက်ဘူးဆိုပြီး (စစ်) နဲ့ပတ်သက်ရင် ဘာမှ မသိချင်၊ မလေ့လာချင်ကြဘူး။ အမှန်က နိုင်ငံရေး (တိုက်ပွဲ) ဆိုတာလဲ စစ်ပွဲနဲ့မခြားနားတွေ အများကြီးရှိပါတယ်။ ဆွန်ဇူးက မိမိ၏ရန်သူနှင့် မိမိကိုယ် မိမိသိပါစေ၊ စစ်ပွဲတရာရဲ့ ရလဒ်ကို ကြောက်စရာမလိုဘူး If you know the enemy and know yourself you need not fear the results of a hundred battles လို့ပြောခဲ့တယ် မဟုတ်ပါလား။

ရေတပ်ဗိုလ်ချုပ်တွေမှာ အတွေးအခေါ်တခုရှိပါတယ်။ ဒီကနေ့တိုက်ပွဲမှာ မိမိဘက်က အရေး မသာခဲ့ရင် ပြန်ဆုတ်၊ ပြန်စု၊ ပြန်ဖြည့်ပြီး နောက်နေ့စစ်ပွဲအတွက်ပြင်ဆင်ရပါတယ်။ သူသေကိုယ်သေ မတိုက်ကြပါ။ စစ်သူကြီးဟန်နီဘောကို ရောမတွေ ရင်ဆိုင်တိုက်ပွဲ အကြိမ်ကြိမ် ရှုံးပြီးတော့ ရင်ဆိုင်မတိုက်တော့ဘူး။ ရှောင်ပြီး ထောက်ပံ့ရေးလမ်း ကြောင်းတွေကို ဖျက်ဆီး၊ လက်ပန်းကျအောင် ဖြေးဖြေး အမှည့်ခြွေပြီးမှ အနိုင်တိုက်တာ။ တိုက်ပွဲဗျူဟာ strategy ကို စိတ်ဝင်စားမှုမရှိ၊ မသိ။ အစွန်းရောက် အတွေးနဲ့တွေးရင် ဒါတွေကဟာ သတ္တိ မရှိတာလို့ စွပ်စွဲကြမှာပေါ့။ အသိချင်း မတူရင် အတွေးချင်း မတူနိုင်ကြပါ။

ဆွန်ဇူးရဲ့စကားကိုပဲ စဉ်းစားစေချင်ပါတယ်။

All men can see these tactics whereby I conquer, but what none can see is the strategy out of which victory is evolved.

ဗျူဟာအရေးကြီးတာကို သိစေချင်လို့ပါ။

စစ်ဆိုတာ ချက်ချင်း ထတိုက်လို့မရပါ။ ဖြစ်နိုင်ခြေတွေကို ကြိုတင်စဉ်းစားပြီး ပြင်ဆင်ရပါတယ်။ ဗျူဟာ ကြိုစဉ်းစားထားရပါတယ်။

From Internet
Related Posts Plugin for WordPress, Blogger...